တနင်္သာရီနှင့် ရေဖြူတွင် ယာဉ်သက်တမ်းတိုးနှင့် ယာဉ်မောင်းလိုင်စင် လုပ်ပေးမည်

0
482

တနင်္သာရီနှင့် ရေဖြူမြို့နယ်တို့တွင် ယာဉ်လိုင်စင် သက်တမ်းတိုးခြင်းနှင့် ဆိုင်ကယ်မောင်းလိုင်စင် ပြုလုပ်ခြင်းကို ဇူလိုင်လ ၂၁ ရက်တွင် နေ့ချင်းပြီး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး ဦးထင်ပေါ်က ပြောသည်။

မော်တော်ယာဉ်၊ ဆိုင်ကယ်သက် တမ်းတိုးခြင်းနှင့် ဆိုင်ကယ်မောင်းလိုင် စင်တို့ကို ပြုလုပ်ပေးမည်ဖြစ်ပြီး တနင်္သာရီမြို့နယ်တွင် တံတားထိပ်ရှိ မြို့နယ်ခန်းမနှင့် နှင့် ရေဖြူမြို့နယ်တွင် စုပေါင်းရုံးတို့၌ လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း ဦးထင်ပေါ်က ပြောသည်။

“လာလုပ်တဲ့သူ ငါးရာလောက် ဆိုရင် နေ့ချင်းပြီးလုပ်ပေးမှာပါ၊ ဒီထက် ကျော်နေရင်တော့ ရက်နည်းနည်း စောင့် ရမယ်”ဟု ဦးထင်ပေါ်က ပြောသည်။
ယင်းကဲ့သို့ လုပ်ဆောင်ရာတွင် အာမခံဌာနပါ တစ်ခါတည်း ပါဝင်မည် ဖြစ်သည်။

ယာဉ်မောင်းလိုင်စင် လုပ်သူများ အနေနှင့် မှတ်ပုံတင်မူရင်း၊ မိတ္တူ၊ ရောင်စုံဓာတ်ပုံ ၃ ပုံ ယူလာရမည်ဖြစ်ပြီး ကညနဌာနတွင် ကျပ်ငါးထောင်ဝန်းကျင် နှင့် အာမခံဌာနတွင် ကျပ်ငါးထောင်ဝန်း ကျင် ပေးသွင်းရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကညနထံမှ သိရသည်။