မုန်တိုင်းနှင့် ရေကြီးမှု ခန့်မှန်းနိုင်မည့် ရေဒါစခန်း ထားဝယ်တွင် ဆောက်မည်

0
401

ထားဝယ်တွင် မုန်တိုင်းနှင့် ရေကြီး မှုများကို ကြိုတင်ခန့်မှန်း နိုင်မည့် မိုးလေ၀သ ရေဒါစခန်းတစ်ခုကို တည် ဆောက်မည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦး က ပြောကြားသည်။
လာမည့် ၂ နှစ်ကျော်ခန့်တွင် ဆောက်လုပ်မည်ဖြစ်ကြောင်း ဒေါက်တာ ကျော်မိုးဦး၏ ပြောကြားချက်ကို ကိုး ကား၍ ဇွန်လ ၂၇ ရက်ထုတ် The Voice နေ့စဉ် သတင်းစာတွင် ဖော်ပြ ထားသည်။

တနင်္သာရီတိုင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနတွင်မူ ယင်းကိစ္စနှင့်ပတ်သက်ပြီး ဇွန်လ ၂၈ ရက်အထိ ညွှန်ကြားထားခြင်း မရှိသေး ကြောင်း ယင်းဌာန ဦးစီးအရာရှိ ဒေါ်ခင်မမ က ပြောသည်။
ရေဒါစခန်းတည်ဆောက်မည်ဆိုပါ က မိုးလေ၀သဆိုင်ရာ အချက်အလက် များကို ယခင်ထက် အသေးစိတ်ပိုသိလာ နိုင်မည်ဖြစ်သောကြောင့် ပြည်သူများ အတွက် ကြိုတင်ပြင်ဆင်လာနိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
“အရင်တုန်းက ခပ်ဝါးဝါးမြင်ရာက နေ အခု အသေးစိတ် သတင်းအချက် အလက်တွေ ပိုရလာတာဆိုတော့ ပြည် သူတွေအတွက် ပိုပြီး Safe ဖြစ် (ဘေး ကင်း) တာပေါ့” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မိုးရေချိန်၊ နေအပူချိန်၊ စသည့် မိုးလေ၀သ အချက်အလက်များကို စက်ကိရိယာများဖြင့် တိုင်းတာ လူကိုယ်တိုင် တိုင်းတာတွက်ချက်ပြီး မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ရုံးချုပ်သို့ ပို့ပေးနေကြောင်း ဒေါ်ခင်မမက ပြော သည်။
တနင်္သာရီတိုင်းမှ ပို့ပေးသည့် အချက်အလက်များကို အခြေခံပြီး မိုလေ၀သရုံးချုပ်က တစ်နာရီခြား၊ ဆယ် ရက်ခြားသည်ဖြင့် မိုးလေ၀သခန့်မှန်း ချက်များ ပြန်လည်ထုတ်ပြန်ကြောင်း တနင်္သာရီတိုင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။