ကော့သောင်းမြို့အဝင် မုခ်ဦးဒီဇိုင်းအတွက် အကြံပြုချက်ဖိတ်ခေါ်

0
660

ကော့သောင်းမြို့အဝင် မုခ်ဦးဒီဇိုင်း နှင့် ပတ်သက်၍ ဝေဖန်အကြံပြုလိုသူများ ရှိပါက ခရိုင်အုပ်ချုပ်ရေးရုံးတွင် လာ ရောက်အကြံပြုတင်ပြနိုင်ကြောင်း မုခ်ဦး ဖြစ်မြောက်ရေးကော်မတီက ဖိတ်ခေါ် လိုက်သည်။

ယာယီရေးဆွဲထားသည့် မုခ်ဦး ဒီဇိုင်းမှာ အမြင့် ပေ ၂၀ အကျယ် ၄၂ပေ ဖြစ်ပြီး မုခ်ဦးထိပ်တွင် ဗိုလ်ချုပ် ပုံကို ထည့်သွင်းထားသည်ဟု အထက်ပါ ကော်မတီဝင် ကော့သောင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးသက်နိုင်က ပြော သည်။
“ကော့သောင်းရောက်သူတိုင်း ဗိုလ်ချုပ်ကို အလေးပြုနိုင်အောင်ရယ် နောင်လာ နောင်သားတွေအတွက် ဗိုလ်ချုပ်ကိုမမေ့အောင် မုခ်ဦးထိပ်တွင် ထားရှိထားတယ်”ဟု ဦးသက်နိုင်က ဆိုသည်။

မုခ်ဦးနှင့်ပတ်သက်ပြီး ဝေဖန်အကြံ ပြုလိုသူ မည်သူမဆို အချိန်မရွေး လာ ရောက် အကြံပြုနိုင်သည်ဟု ဦးသက်နိုင် က ပြောသည်။
အကြံပြုချက်ကိုကော်မတီဝင်အချို့ ၏ဖေ့စ်ဘွတ်မှတစ်ဆင့် တောင်းခံသည်။ အဆိုပါမုခ်ဦးကို မြို့နှင့် (၇)မိုင် ဝေး သည့် ရွှေပြည်စိုးကျေးရွာရှိကော့သောင်း လေဆိပ်အနီးတွင် ဆောက်လုပ်မည်ဖြစ် သည်။

“တခြားမြို့တွေမှာလည်း ရှိသလိုပဲ ဧည့်သည်တွေအဝင်အထွက်များတဲ့မြို့ဖြစ်တဲ့အတွက် မုခ်ပေါက်ကတော့ ရှိစေ ချင်တယ်၊ မြို့ရဲ့အထိမ်းအမှတ်တစ်ခု ဖြစ်လာမှာဖြစ်တဲ့အတွက် မုခ်ဦးထိပ်မှာ မြို့၊ဒေသရဲ့ သင်္ကေတတွေမျိုးနဲ့ ပုံဖော် နိုင်ရင် ပိုကောင်းပါမယ်”ဟု ပိတောက် ရွှေဝါရပ်ကွက်နေ ဦးညီညီက ပြော သည်။

အဆိုပါ မုခ်ဦး ကုန်ကျစရိတ်ကို ကော့သောင်းဒေသဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီက လှူဒါန်းမည်ဖြစ်ပြီး ဩဂုတ်လအတွင်း ဆောက်လုပ်ရေး ဦး စီးဌာနက တာဝန်ယူဆောက်လုပ်မည် ဖြစ်ကြောင်း မုခ်ဦးဖြစ်မြောက်ရေးကော် မတီထံမှ သိရသည်။