တနင်္သာရီ လက်ရွေးစင် ပိုက်ကျော် ခြင်းအသင်း ထားဝယ်ကစားသမား ထက်ဝက်ကျော်ပါ

0
428

တိုင်းနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်း ခတ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်း ကိုယ်စားပြုအသင်းတွင် ထားဝယ် ကစားသမား ထက်ဝက်ကျော်ပါဝင် ကြောင်း အသင်းနည်းပြထံမှ သိရသည်။

ယင်းအသင်းအတွက် ကစားသမား ၁၂ ဦးကို အပြီးသတ်ရွေးချယ်ထားပြီး ထားဝယ်မြို့နယ်မှ ၇ ဦးနှင့် မြိတ်၊ ကျွန်းစု၊ ကော့သောင်း၊ သရက်ချောင်း၊ လောင်းလုံးမြို့နယ်များမှ တစ်ဦးစီ ပါဝင်ကြောင်း နည်းပြ ဦးအောင်ပြည့်စုံက ပြောသည်။
ယင်းကစားသမားများအနက် ယမန်နှစ်ပြိုင်ပွဲ အတွေ့အကြုံရှိသည့် ကစားသမား လေးဦးပါဝင်ကြောင်း ၎င်းက ပြောသည်။
တနင်္သာရီတိုင်းအသင်းသည် ပြည်နယ်နှင့် တိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ များ၏ အသင်းလိုက်၊ နှစ်ယောက်တစ်တွဲ၊ သုံးယောက်တွဲ ပြိုင်ပွဲများတွင် ငါးနှစ် ဆက်တိုက် ရွှေ၊ ငွေ၊ ကြေး စုစုပေါင်း ခြောက်ခုကို ငါးနှစ်ဆက်တိုက် ရရှိထား သော အသင်းဖြစ်ကြောင်း ပိုက်ကျော် ခြင်း ဆပ်ကော်မတီထံမှ သိရသည်။

“ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်း ကတော့ နှစ်တိုင်းလိုလို ကျွန်တော်တို့ရဲ့ အဓိက ပြိုင်ဘက်တွေဖြစ်တယ်” ဟု တိုင်းနှင့်ပြည်နယ်ပြိုင်ပွဲငါးနှစ်ဆက် တိုက်ပါဝင်ခဲ့သည့် အသင်းခေါင်းဆောင် ကိုကျော်သူရစိုးက ပြောသည်။
ယင်းပြိုင်ပွဲကို နေပြည်တော်တွင် ဇူလိုင်လ ၄ ရက်မှ ၁၃ ရက်အထိ ကျင်းပ မည်ဖြစ်သည်။