ပညာရေးကောလိပ် စီမံခန့်ခွဲရေးအဖွဲ့တွင် သမဂ္ဂကိုယ်စားလှယ်ပါဝင်ရေး လိုလား

0
420

ထားဝယ်ပညာရေးကောလိပ်စီမံ ခန့်ခွဲရေးအဖွဲ့တွင် ကျောင်းသားများ သမဂ္ဂ ကိုယ်စားလှယ်များ ပါဝင်ခွင့်ရရှိ ရန် လိုလားနေကြောင်း ယင်းကောလိပ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ မောင်ကို ကိုအောင်က ပြောသည်။
ထားဝယ်ခရိုင်အတွင်း တက္ကသိုလ် များအားလုံးရှိ စီမံခန့်ခွဲရေး အဖွဲ့များတွင် သက်ဆိုင်ရာ ကျောင်းသားများသမဂ္ဂ ကိုယ်စားလှယ်များဖြင့် ပါဝင်ဖွဲ့စည်း ထားပြီးဖြစ်သောကြောင့် ပညာရေးကော လိပ်တွင်လည်း အဆင့်မြင့်ပညာဦးစီးဌာ န ညွှန်ကြားချက်အတိုင်း ဆောင်ရွက် စေလိုကြောင်း မောင်ကိုကိုအောင်က ပြော သည်။

“ကျွန်တော်တို့ ဒီလိုပါဝင်ခွင့်ပေးဖို့ လိုလားတယ်ဆိုတာ အပေါ်က ဆရာ၊ ဆရာမတွေကို မယုံကြည်လို့လည်း မဟုတ် ဘူး။ အလုပ်တစ်ခုခု လုပ်တော့မယ်ဆို ဘာတွေလုပ်နေတယ်ဆိုတာ ကျောင်းသား တွေ သိသင့်တယ်ထင်လို့ပါ”ဟု ယင်း သမဂ္ဂ ဒုဥက္ကဋ္ဌ မောင်ဝေယံစိုးက ဆိုသည်။
တက္ကသိုလ်၊ ကောလိပ်များရှိ စီမံ ခန့်ခွဲရေးအဖွဲ့များတွင် ကျောင်းဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် ကျောင်းသား များ သမဂ္ဂကိုယ်စားလှယ် နှစ်ဦးပါဝင်ဖွဲ့ စည်းရန် အဆင့်မြင့်ပညာ ဦးစီးဌာနက ပြီးခဲ့သည့် ဧပြီလ ၇ ရက်က ညွှန်ကြား ထားပြီး ဖြစ်သည်။
ထားဝယ်ပညာရေးကောလိပ်တွင်မူ ညွှန်ကြားစာထုတ်ပြီး သုံးလနီးပါးကြား သည်အထိ ကျောင်းအုပ်ချုပ်ရေးအဖွဲ့တွင် ကျောင်းသားများသမဂ္ဂ ကိုယ်စားလှယ် များ ပါဝင် မဖွဲ့စည်းနိုင်သေးပေ။

ယင်းကြောင့် ထားဝယ်ပညာရေး ကောလိပ် ကျောင်းသားများသမဂ္ဂက ယင်းကိစ္စနှင့်ပတ်သက်ပြီး ကျောင်းအုပ် ဆရာမကြီးထံ တရာဝင်းစာပို့ တောင်းဆို ရန် စီစဉ်လျက် ရှိသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ပညာ ရေးကောလိပ် ကျောင်းအုပ်ဆရာမထံ ဇူလိုင်လ ၇ ရက်က သွားရောက် မေး မြန်းခဲ့သော်လည်း နောက်တစ်လတွင်မှ ဖြေကြားနိုင်မည်ဖြစ်ကြောင်း ကျောင်းအုပ် ဆရာမ ဒေါ်နီနီသန်းက ဆိုသည်။
ထားဝယ်ပညာရေးကောလိပ် ကျောင်းသားများ သမဂ္ဂရုံးခန်းအတွက် နေရာတောင်းဆိုထားသော်လည်း လက်ရှိ အခြေအနေအထိ နေရာသတ်မှတ်ပေး ခြင်း မရှိသေးကြောင်း ယင်းကျောင်းသား များသမဂ္ဂထံမှ သိရသည်။