ရှားပါးပြင်သာ လိပ်တစ်ကောင် သူဋ္ဌေးကျွန်းတံတားအနီး တွေ့ရှိ

0
1274

ကော့သောင်းမြို့နယ်၊ သူဋ္ဌေးကျွန်း ရှိ Grand Andaman Hotel အမှတ် (၁) တံတားအနီးတွင် ဒဏ်ရာရထား သည့် ရှားပါးလိပ်တစ်ကောင်ကို တွေ့ရှိ ခဲ့သည်ဟု ကော့သောင်းခရိုင် ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။
အဆိုပါ လိပ်သည် ခရီးသည်စက် လှေများ ဝင်ထွက်နေချိန်တွင် တံတား အနီး ကူးခတ်နေသဖြင့် ထိခိုက်မှုမရှိ အောင် တာဝန်ကျဝန်ထမ်းများက ဝိုင်း ဆယ်ပြီး ဟိုတယ်တာဝန်ရှိသူများက ငါးလုပ်ငန်းဦးစီးဌာနသို့ သတင်းပို့ခဲ့ သည်ဟု အထက်ပါဦးစီးဌာနမှ သိရသည်။

ထို့ကြောင့် အထက်ပါဌာန၊ ပင် လယ်လိပ်မျိုး ထိန်းသိမ်းရေးဌာနစုက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလိပ်တွင် အလယ်ကွက် ၅ ကွက်၊ ဘေးအကွက် ၄ ကွက်ရှိသော ကြောင့် Green Turtle ခေါ် ပြင်သာ လိပ်အမျိုးအစားဖြစ်ကြောင်း အထက်ပါ ဌာနစုမှ ဦးစီးအရာရှိ ဦးဖုန်းမော်က အတည်ပြုသည်။
လိပ်၏ ကျောခွံအလယ်တွင် လက် မဝက်ခန့်အပေါက်ငယ်ရှိ ဒဏ်ရာတစ်ခု တွေ့ရှိရပြီး ယင်းဒဏ်ရာကြောင့် ရေကူး ရာတွင် ညာဘက်သို့ တိမ်းစောင်း၍ ရေကူးနေခြင်းဖြစ်ကြောင်း ၎င်းက ဆို သည်။

ဓဒီလိုလိပ်မျိုးတွေက ပင်လယ်ရေ အောက်ကြမ်းပြင်တွေမှာပဲ ကျင်လည် ကျက်စားတာမျိုး။ အခု သူရထားတဲ့ ဒဏ်ရာကြောင့် ရေဝိတ်မခံနိုင်လို့ ကမ်း စပ်ရှိရာ ကူးခတ်လာတဲ့သဘောပါဓဟု ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူး ဦးသန့်ဇင်က ဆိုသည်။
ကမ္ဘာရှားပါးလိပ်မျိုးစာရင်း ၇ မျိုး တွင် ပါဝင်သည့် အဆိုပါ ပြင်သာလိပ် ကြီးသည် အလျား ၃၂ လက်မ၊ အနံ ၂၈ လက်မရှိကာ ကီလို ၁၀၀ ကျော်ခန့် အလေးချိန်ရှိကြောင်း သိရသည်။

အဆိုပါ ပင်လယ်လိပ်ကြီးကို ကျန်းမာကောင်းသည်အထိ သူဌေးကျွန်း ရေငန်ပုစွန်မွေးမြူရေးစခန်း အုတ်ရေ ကန်တွင် ပြုစုစောင့်ရှောက်ထားမည် ဖြစ်ပြီး ကျန်းမာရေးပြန်လည်ကောင်း လာပါ ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာန ထံမှ သိရသည်။