ထားဝယ် အငှားအိမ်ရာအခန်း နှစ်ဆယ်ကျော် ဝန်ထမ်းနှင့် အငြိမ်းစားများကို ငှားမည်

0
455

ထားဝယ်မြို့တွင် ဆောက်လုပ်ထား သည့် အငှားအိမ်ရာများအနက် အခန်း နှစ်ဆယ်ကျော်တွင် နိုင်ငံ့ဝန်ထမ်းများ နှင့် အငြိမ်းစားဝန်ထမ်းများကို ငှားရမ်း သွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံဖြိုးရေးဦးစီးဌာန တနင်္သာရီတိုင်းဒေ သကြီး ဦးစီးမှူး ဒေါ်ခင်မိမိထွေးက ပြောသည်။

ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်၊ နှင်းဆီလမ်းတွင် ဆောက်လုပ်ထားသည့် အငှားအိမ်ရာ ငါးလုံးအနက် အိမ်ရာ တစ်လုံးကို ငှားမည်ဖြစ်သည်။ ယင်း အိမ်ရာတွင် အခန်းပေါင်း ၂၄ ခန်းပါ ရှိသည်။
တစ်လလျှင် အိမ်ခန်းငှားရမ်းခ ကျပ် ၃၂၀၀၀ ကျသင့်မည်ဖြစ်ကြောင်း ဒေါ်ခင်မိမိထွေးက ဆိုသည်။
အိမ်ခန်းငှားလိုသူများအတွက် လျှောက်လွှာတစ်စောင်လျှင် ကျပ် ၁၀၀၀ ဖြင့် ဇွန်လလယ်ပိုင်းတွင် စတင်ရောင်းချ ခဲ့ပြီး လျှောက်လွှာများကို ဇူလိုင်လ ၁၅ ရက်အထိ လက်ခံမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဇူလိုင်လ ၅ ရက်နေ့စာရင်းအရ အိမ်ခန်းငှားရန် လျှောက်လွှာပေါင်း တစ်ရာကျော် ရောင်းချခဲ့ပြီး ဖြစ်သည်။
“ရေမီး အဆင်သင့်ရှိပါတယ်၊ နေ ထိုင်သူက ကျခံရပါမယ်” ဟု ဒေါ်ခင်မိမိ ထွေးက ပြောသည်။
လျှောက်လွှာများကို တိုင်းအစိုးရ ဝန်ကြီး ပါဝင်သည့် အိမ်ခန်းနေရာချထား ရေးကော်မတီထံ တင်ပြကာ စိစစ်ရွေး ချယ်မည်ဖြစ်ပြီး ငှားရမ်းနေထိုင်ခွင့်ရပါ က အိမ်ခန်းခ ၃ လစာကို အာမခံစပေါ်ငွေ အဖြစ် ပေးသွင်းရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဝန်ထမ်းအချို့ကမူ အိမ်ခန်းခ ကျပ် ၃၂၀၀၀ ကောက်ခံခြင်းမှာ လစာနှင့် နှိုင်းယှဉ်ပါက များပြားနေသည်ဟု ပြောဆို မှုများရှိသည်။
ထားဝယ်မြို့ရှိ အငှားအိမ်ရာ ငါးလုံးအနက် အိမ်ရာ တစ်လုံးတွင် လေယာဉ်ကွင်းမြေပေါ် ကျူးကျော်နေ ထိုင်သူများကို ငှားရမ်းနေထိုင်ထားစေ သည်။ ကျန်သည့်တစ်လုံးတွင်မူ အစိုးရ က ကျူးကျော်ဟု သတ်မှတ်ထားသည့် နှင်းဆီလမ်းတွင် နေထိုင်သူများကို နေ ရာချရန် လျာထားကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

ကျန်သည့် အိမ်ရာနှစ်လုံးကိုမူ မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်ကို တိုင်းအစိုးရထံ တင်ပြမည်ဖြစ်ကြောင်း ဒေါ်ခင်မိမိထွေးက ဆိုသည်။