ရနောင်းတွင် အထောက်အထားမဲ့ မြန်မာအလုပ်သမားများ စတင်ဖမ်းဆီး

0
438

ထိုင်းနိုင်ငံတွင် တရားဝင် နေထိုင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးအရေးယူမည်ဟု ကြေညာထား သည့်အတိုင်း ရနောင်းမြို့တွင် ဇူလိုင် ၂ရက်မှ စတင်၍ ဖမ်းဆီးအရေးယူလျက် ကြောင်း ရနောင်းအခြေစိုက်လူမှုရေးအ သင်းအဖွဲ့များထံမှ သိရသည်။

နေထိုင်ခွင့် အထောက်အထားမရှိ သူများ၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် မှားယွင်းကိုင်ဆောင်ထားသည့် အလုပ် သမားများ၊ အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ပါ သူဌေးနှင့် အမှန်တကယ် အလုပ်လုပ် နေသည့် သူဌေးမတူသူများ ထိုင်းရဲတပ် ဖွဲ့မှ စစ်ဆေးအရေးယူ ဖမ်းဆီးလျက် ရှိ သည်ဟု အထက်ပါအဖွဲ့များမှ သိရသည်။

ထိုင်းတွင် အထောက်အထားမရှိဘဲ နေထိုင်အလုပ်လုပ်နေသူများကို တရား ဝင်အထောက်အထားပြုလုပ်ရန် အချိန် တစ်နှစ်ပေးခဲ့ပြီးနောက် ဖမ်းဆီးအရေး ယူမှု စတင်ခဲ့ခြင်းဖြစ်ကြောင်း ရနောင်း အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ် သမားအရေး ကူညီလူပ်ရှားနေသည့် မိတ္တဟာရအဖွဲ့ခေါင်းဆောင် ကိုသားကျော် က ဆိုသည်။

ဓစက်ရုံကိုလာပြီး အလုပ်သမား တွေကို ဝင်စစ်တယ်၊ လှေတွေထဲက ရေ လုပ်သားတွေကိုလည်း လိုက်စစ်တယ်၊ အထောက်အထားစုံနေတော့ ပြဿနာ မရှိဘူးဓဟု ၎င်းက ဆိုသည်။
လက်ရှိအချိန်အထိ ဖမ်းဆီးထားသူ မတွေ့ရသေးဟု သိရသည်။

“ဖမ်းမယ်ဆီးမယ် အသံကြားရင် ကိုယ့်မြန်မာတွေအားလုံးအတွက် ဝမ်းနည်းတယ်၊ အိမ်ပြန်ချင်တယ်”ဟု ရနောင်း ငါးအအေးခန်းစက်ရုံတွင် အလုပ် လုပ်ကိုင်နေသည့် ဒေါ်အေးသက် က ဆိုသည်။