သွေးလွန်တုပ်ကွေး ပညာပေးသူများ ဓားဖြင့် ရန်တွေ့ခံရ

0
388

မြိတ်မြို့နယ် သစ်ယာဝကျေးရွာ အုပ်စု၊ သစ်ယာဝကျေးရွာတွင် သွေးလွန် တုပ်ကွေးကာကွယ်ရေး ပညာပေးသူများ ကို အိမ်ရှင်က ဓားဖြင့်ရန်တွေ့ခဲ့ကြောင်း ယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ကျေးလက်ကျန်းမာရေးသူနာပြု များနှင့် ကျေးရွာရှိ ရပ်မိရပ်ဖအချို့ ဇွန်လ ၂၈ ရက်က သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်နိုင်ရန် ပိုးလောက်လန်း နှိမ်နင်းရေး၊ ဖုံး/သွန်/လဲ/စစ် ပြုလုပ် ခြင်း၊ အဘိတ်ဆေးခတ်ပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ကို တစ်အိမ်တက်တစ်အိမ်ဆင်း လိုက် လံပြုလုပ်ပေးရာမှ ယင်းသို့ ရန်တွေ့ ခံရခြင်းဖြစ်သည်။

“အိမ်ရှင်လင်မယားက ငွေကြေး ကိစ္စတစ်ခုနဲ့ အရှုပ်အရှင်းဖြစ်နေတဲ့ အချိန်မှာ စိတ်ဆိုးပြီးတော့ ပြောမိပြောရာ ပြောလိုက်တာပါ”ဟု အုပ်ချုပ်ရေးမှူး ဦးမျိုးသိန်းက ပြောသည်။
အခင်းဖြစ်ပြီးနောက် ဓားဖြင့်ရန် တွေ့ခဲ့သည့် နေအိမ်ရှင် လယ်အငှားလုပ်ကိုင် နေသည့် လုပ်ငန်းခွင်သို့ ထွက်ခွာသွား သဖြင့် ပြန်လည်ခေါ်ယူခဲ့ရာ ဇူလိုင်လ ၄ ရက်နေ့တွင် ပြန်လည်တောင်းပန်ခဲ့ ကြောင်း အုပ်ချုပ်ရေးမှူးက ဆိုသည်။

ယင်းသို့ တောင်းပန်ခဲ့ခြင်းကြောင့် အလားတူဖြစ်ရပ်မျိုးထပ်မံ မဖြစ်ပွားရန် ခံဝန်လက်မှတ်ရေးထိုးစေခဲ့ကြောင်း သစ်ယာဝကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးရုံးထံမှ သိရသည်။