နှစ်လအတွင်း လုယက်မှု ဆယ်မှု အမှုဖွင့်တိုင်ကြား

0
387

တနင်္သာရီတိုင်းတွင် မေလနှင့် ဇွန်လအတွင်း လုယက်မှု ဆယ်ခုအတွက် အမှုဖွင့်တိုင်ကြားထားကြောင်း တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
လုယက်မှုများအနက် ထားဝယ် ခရိုင်တွင် ၆ မှု၊ မြိတ်ခရိုင်တွင် ၃ မှုနှင့် ကော့သောင်းခရိုင်တွင် ၁ မှု အမှုဖွင့်တိုင် ကြားထားခြင်းဖြစ်သည်။
ယင်းအမှုများသည် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားမှုများသာဖြစ်ပြီး ရဲစခန်းတွင် အမှုမဖွင့်သည့် လုယက်မှု များလည်း တိုင်းအတွင်း မကြာခဏဖြစ် ပွား လျက်ရှိသည်။

တိုင်ကြားထားသည့်အမှုများ အနက် ထားဝယ်ခရိုင်တွင် ၅ မှု ဖမ်းမိ ထားပြီး မြိတ်ခရိုင်တွင် ၂ မှုနှင့် ကော့သောင်း ခရိုင်တွင် ၁ မှု တို့မှ ကျူးလွန်သူ ၁၀ ဦးကျော်ကို ဖမ်းမိထားကြောင်း တိုင်း ရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။
ဖမ်းမိသူများကို စစ်ဆေးရာတွင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ သိရှိခြင်းမရှိသည့်အတွက် ဂိုဏ်းဖွဲ့လုယက်ခြင်း မဟုတ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက သုံးသပ်သည်။
“ဒီတစ်ဖွဲ့မိလို့ စစ်ရင်နောက်တစ် ဖွဲ့ကို မသိပြန်ဘူး၊ ဂိုဏ်းကြီးလိုလည်း မဟုတ်ဘူးပေါ့နော်၊ အလုပ်အကိုင်မရှိတဲ့ သူတွေ လုပ်နေတဲ့သဘောပေါ့”ဟု ရဲမှူးကြီး နေမျိုးက ပြောသည်။
အဆိုပါ အမှုဖွင့်တိုင်ကြားမှုများ အနက် ဆိုင်ကယ်စီးကာ ပိုက်ဆံအိတ် လုယက်မှုနှင့် ဆိုင်ကယ်ကယ်ရီ ငှားစီး သူက လုယက်ခြင်းများလည်း ပါဝင်သည်။

“ပိုက်ဆံအိတ်ကို လုဖို့လွယ်ကူတဲ့ အနေအထားနဲ့ သွားနေကြတာကလည်း လုချင်သူတွေကို ဖိတ်ခေါ်သလိုဖြစ်နေ တယ်”ဟု ထားဝယ်မြို့မရဲစခန်းမှ ရဲအရာ ရှိက ပြောသည်။
မူးယစ်ဆေးဝါးနှင့် လောင်းကစား ကိစ္စများ မထိန်းချုပ်နိုင်သရွေ့ လုယက် မှုများ ဆက်ဖြစ်နေမည်သာဖြစ်ကြောင်း ထားဝယ်မြို့ ဆန်းချီရပ်ကွက်နေ အသက် ၅၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးက ထောက်ပြသည်။

လက်ရှိတွင် ရဲတပ်ဖွဲ့က လုယက် မှုဖြစ်နိုင်သည့်နေရာများတွင် စောင့် ကြည့်မှုများ လုပ်ဆောင်နေပြီး လုယက် ခံရပါက သက်ဆိုင်ရာရဲစခန်းများကို အကြောင်းကြား အမှုဖွင့်စေလိုကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ဆို သည်။
သက်ဆိုင်ရာ ရဲစခန်းများသို့ အကြောင်းကြားရန် အခက်အခဲရှိပါက တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုး ကိုင် ဆောင်သည့် ၀၉-၂၆၄၆၁၄၄၂၄ ထံ ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း သိရသည်။