တိုင်းအစိုးရ၏ အာဇာနည်နေ့ အခမ်းအနား ရင်ပြင်သစ်တွင် ကျင်းပမည်

0
555

တိုင်းဒေသကြီးအစိုးရမှ ဦးစီး ကျင်းပမည့် ၇၁ နှစ်မြောက် အာဇာနည် နေ့ အခမ်းအနားကို အာဇာနည်ဗိမာန် ရင်ပြင်၌ ကျင်းပမည်ဟု လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောကြားသည်။
ထားဝယ်မြို့၊ ကမြောကင်းလမ်း၊ တိုင်းလွှတ်တော်ဝင်းန့ဘေးရှိ အာဇာနည် ဗိမာန်ရင်ပြင်မှာ လက်ရှိတွင် ဆောက် လုပ်ဆဲဖြစ်သည်။
အခမ်းအနားသို့ အများပြည်သူ တက်ရောက်နိုင်ရန် ဆော်ဩသွားမည်ဟု ဝန်ကြီး ဦးဟိုပင်က ပြောသည်။
“ပြည်သူတွေ ပါဝင်နိုင်တဲ့ အပိုင်း ကတော့ ခါတိုင်းနှစ်တွေလိုပါပဲ၊ ကြော် ငြာတာတွေ ထုတ်မယ်၊ ရပ်ရွာထဲ လှည့်အော်မယ်၊ မြို့ပေါ်မှာလှည့်အော် မယ်”ဟု ဝန်ကြီးက ပြောသည်။
အာဇာနည်နေ့အခမ်းအနားတက် ရောက်ရန် ပါတီများ၊ အရပ်ဘက်အဖွဲ့ အစည်းများကိုလည်း ဖိတ်ကြားသွားမည် ဟု ဦးဟိုပင်က ဆိုသည်။

ယခင် ၂၀၁၆၊ ၂၀၁၇ ခုနှစ်တို့က တိုင်းအစိုးရအဖွဲ့မှ ဦးစီးကျင်းပခဲ့သော အာဇာနည်နေ့အခမ်းအနားကို တိုင်း အစိုးရအဖွဲ့ရုံး(ရုံးကြီး)ရှေ့ စည်ပင်သာ ယာရေးအဖွဲ့ဝင်းအတွင်းရှိ ဗမာ့လွတ် လပ်ရေးကျောက်တိုင်တွင် ကျင်းပခဲ့ပြီး ဒေသခံပြည်သူများ၊ ပါတီများ၊ အရပ် ဘက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ ကြသည်။
အဆိုပါ ကျောက်တိုင်ကို ဗမာ့လွတ် လပ်ရေးကြိုးပမ်းမှု တစ်လျှောက်တွင် ကျဆုံးသွားသည့်ရဲဘော်များကို ဂုဏ်ပြု သည့်အနေဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ ကျော်၊ မြန်မာသက္ကရာဇ် ၁၃၀၄ ခုနှစ်တွင်စိုက်ထူခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုနှစ်တွင် တိုင်းဒေသ ကြီး အစိုးရက အာဇာနည်ဗိမာန် ရင်ပြင် အသစ်ဆောက်လုပ်ပြီး အလေးပြုရန် စီစဉ်လာခြင်း ဖြစ်သည်။
အာဇာနည်ဗိမာန်အပြင် ယခင်နှစ် များက အာဇာနည်နေ့အခမ်းအနားများ ကျင်းပခဲ့သည့် သူရဲကောင်း မော်ကွန်း ကျောက်တိုင်နှင့် ဗိုလ်ချုပ်ကြေးရုပ်တို့ တွင် တက်ရောက်အလေးပြုလိုသူများရှိပါကလည်း ခွင့်ပြုမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။

ယခင်နှစ်များက အစိုးရမှ ဦးစီး ကျင်းပသော အာဇာနည်နေ့ အခမ်းအနား သို့ တက်ရောက်ခဲ့ဖူးသည့် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (ထားဝယ်)မှ ဦးကျော်ကျော်သက်ကမူ အာဇာနည် နေ့အခမ်းအနားကို အာဇာနည်ရင်ပြင် သစ်တွင် တိုင်းအစိုးရအဖွဲ့နှင့် ပူးပေါင်း အလေးပြုမည်မဟုတ်ဟု ဆိုသည်။

“ဒေသမှာ လိုအပ်တာတွေ တစ် ပုံကြီးရှိရက်သားနဲ့။ မလိုအပ်ဘူးပေါ့ နော်၊ သမိုင်းဝင်နေရာတွေ ရှိရက်သားနဲ့ ဘာကြောင့် (အာဇာနည်ရင်ပြင်)လုပ် တယ်ဆိုတာ၊ မပြောချင်တော့ဘူး”ဟု ဦးကျော်ကျော်သက်က ပြောသည်။
ယခုနှစ်တွင် ဘုန်းတော်ကြီး ကျောင်း ၌ ဆွမ်းကပ်လှူခြင်း၊ ကျောင်းသား များအတွက် သင်ထောက်ကူ ပစ္စည်းများ လှူဒါန်းခြင်းတို့ကိုသာ ပြုလုပ်မည်ဟု ဦးကျော်ကျော်သက်က ပြောသည်။