ဘွဲ့ရ ပညာရေးဝန်ထမ်းများ မူပြဆရာဖြစ် သင်တန်းပေးရန် စာရင်းကောက်

0
400

တိုင်းအတွင်း သင်ကြားရေးဝန် ထမ်းမဟုတ်သည့် တက္ကသိုလ်ဘွဲ့ရ ပညာရေးဝန်ထမ်းများကို မူလတန်းဆရာ အတတ်ပညာ သင်တန်းပေးရန်အတွက် သင်တန်းတက်ရောက်လိုသည့် ဝန်ထမ်း များစာရင်း ကောက်ယူမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။
ဘွဲ့တစ်ခုခု ရရှိထားသော စာရေး၊ ရုံးအကူ၊ အထွေထွေလုပ်သား စသည့် ပညာရေးဝန်ထမ်းများ သင်တန်းတက် ရောက်နိုင်ကြောင်း ယင်းရုံးထံမှ သိရ သည်။

စာရင်းကောက်ယူရန် မြို့နယ် ပညာရေးမှူးရုံးများကို ဇူလိုင်လ ၅ ရက် က ညွှန်ကြားထားပြီး ဇူလိုင်လ ၉ ရက် နောက်ဆုံး ပြန်လည်တင်ပြရန်ညွှန်ကြား ထားကြောင်း တိုင်းပညာရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူး (စီမံ) ဒေါ်မိုးမိုးအေးက ပြောသည်။
တိုင်းအတွင်း လစ်လပ်လျက်ရှိ သည့် မှုလတန်းပြ ငါးရာကျော်နေရာတွင် တိုင်းတွင်းရှိဝန်ထမ်းများကို ခန့်ထားနိုင် ရန်အတွက် အခြေခံပညာ ဦးစီးဌာနသို့ တိုင်းလူမှုရေးဝန်ကြီး၏ တောင်းဆိုချက် အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒေါ်မိုးမိုးအေးကပြောသည်။
လက်ရှိတွင် ရုံးချုပ်၏ညွှန်ကြား ချက်အရ စာရင်းကောက်နေသည့် အဆင့် တွင်သာရှိသေးပြီး ယင်းဝန်ထမ်းများ သင်တန်းပေးမည့် ကိစ္စကို အခြေခံ ပညာ ဦးစီးဌာန ရုံးချုပ်က ထပ်မံညွှန်ကြား မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“တကယ်လို့သာ အဲဒီသင်တန်း လုပ်ခွင့်ရခဲ့မယ်ဆိုရင်တော့ တိုင်းထဲက အောက်ခြေ(ဘွဲ့ရ) ဝန်ထမ်းတွေအတွက် တော့ အခွင့်အရေးတစ်ခု ရသွားမှာပေါ့”ဟု ဒေါ်မိုးမိုးအေးကဆိုသည်။
မူလတန်းဆရာအတတ်ပညာသင် တန်း (PPTT) ကို ထားဝယ်ပညာရေး ကောလိပ်တွင် ပုံမှန်အားဖြင့် တစ်နှစ် လျှင် တစ်ကြိမ် သင်တန်းပို့ချပေးလျက် ရှိပြီး လက်ရှိတွင် သင်တန်းတစ်ကြိမ်ကို သင်တန်းသား နှစ်ရာဝန်းကျင် လက်ခံ နိုင်ကြောင်း ယင်းကောလိပ်ကျောင်းအုပ် ဆရာမ ဒေါ်နီနီသန်းကပြောသည်။

တိုင်းအတွင်း မူလတန်းကျောင်း ပေါင်း ၁၀၄၃ ကျောင်းရှိကြောင်း သိရ သည်။