ကော့သောင်းတွင် ထိုင်းနှစ်ဦးထံမှ စိတ်ကြွဆေးများဖမ်းမိ

0
465

ကော့သောင်းမြို့နယ်အတွင်း ထိုင်း နိုင်ငံသားနှစ်ဦးထံမှ ICE မူးယစ်ဆေး နှင့် WY စိတ်ကြွဆေးပြားများကို ဇွန်လ ၂၆ ရက်က ဖမ်းမိခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရ သည်။

ကော့သောင်းမြို့နယ်၊ ဖော့သုတ် ရွာရှိ ဘောတံတားအနီးတွင် အသက် ၂၅ နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသား အမျိုး သားတစ်ဦးကို စစ်ဆေးရာ WY စိတ်ကြွ ဆေးပြား ၁၅ ပြားနှင့် ICE ၀.၁ ဂရမ် ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရ သည်။

ယင်းနောက် မိနစ် ၃၀ ခန့်အကြာ တွင် အဆိုပါ ဆိပ်ခံဘောတံတားအနီးသို့ ထပ်မံရောက်ရှိလာသည့် အသက် ၁၈ နှစ်အရွယ်ရှိ ထိုင်းအမျိုးသားတစ်ဦးကို ဆက်လက်စစ်ဆေးရာ ICE မူးယစ်ဆေး ၀.၁ ဂရမ်ကို ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်း တွင် ဖော်ပြသည်။

အဆိုပါ ထိုင်းနိုင်ငံသားနှစ်ဦးကို သက်ဆိုင်ရာ မူးယစ်ဆေးဥပဒေပုဒ်မ များဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ထို့အပြင် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ရာတွင် တရားဝင် စာရွက်စာ တမ်းများ မပါသည့်အတွက် ဆက်လက် စစ်ဆေးနေကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။