အိမ်ထောင်စု ခုနစ်ထောင်အတွက် သဘာဝဘေး ကယ်ဆယ်ရေးပစ္စည်း အသင့်ပြင်

0
634

တနင်္သာရီတိုင်းအတွင်း သဘာဝ ဘေးအန္တရာယ်ဖြစ်ပွားပါက ထောက်ပံ့ နိုင်ရန် ကယ်ဆယ်ရေးပစ္စည်းများကို အိမ်ထောင်စု ၇၀၀၀ စာ အသင့်ပြင် ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနထံမှ သိရသည်။
ထားဝယ်တွင် အိမ်ထောင်စု တစ် ထောင်ဝန်းကျင်၊ မြိတ်တွင် အိမ်ထောင်စု ငါးရာဝန်းကျင်နှင့် ကော့သောင်းတွင် အိမ်ထောင်စု ငါးရာဝန်းကျင်အတွက် အဆင်သင့်ပြင်ထားကြောင်း ဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်း ဒေသကြီးဦးစီးမှူး ဒေါ်ဝင်းစန္ဒာကြည် က ဆိုသည်။

လုံချည်၊ စောင်၊ ဒန်အိုး၊ ခြင်ထောင်၊ ကျောင်းဝတ်စုံ အစရှိသည့် ပစ္စည်းအမျိုး အမည် ၁၇ မျိုး (မြိတ်၊ ကော့သောင်းတွင် ၁၆ မျိုး) ပါသည့် ကယ်ဆယ်ရေးပစ္စည်း များကို အသင့်ပြင်ထားခြင်းဖြစ်သည်။
အဆိုပါပစ္စည်းများကို ရေဘေး၊ လေဘေး၊ မီးဘေး၊ မြေပြိုခြင်း အစရှိ သည့် သဘာဝဘေးများကြောင့် အိမ်များ အလုံးစုံပျက်စီး သွားပါက ထောက်ပံ့ နေခြင်းဖြစ်ပြီး တစ်စိတ်တစ်ပိုင်း ပျက်စီး ပါက ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုးကို ထောက်ပံ့ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

“သတင်းရတာမြန်ရင် မြန်သလို ထောက်ပံ့ပေးနေပါတယ်”ဟု တိုင်းဒေသ ကြီးဦးစီးမှူး ဒေါ်ဝင်းစန္ဒာကြည်က ပြော သည်။
သဘာဝဘေးကြောင့် ပျက်စီးပါက ကယ်ဆယ်ရေးပစ္စည်း အပြင် လူတစ်ဦး ကို တစ်ပတ်စာ အတွက် ဆန်ဖိုး ၂၁၀၀ ကျပ် ထောက်ပံ့နေပြီး နေအိမ်ပျက်စီးမှု အပေါ်မူတည်ကာ အိမ်ဆောက်ပစ္စည်း အတွက် ထောက်ပံ့ငွေပေးကြောင်း အထက် ပါဌာနထံမှ သိရသည်။
ယင်းအပြင် လောင်းလုံးမြို့နယ် သဘော့ဆိပ်ကျေးရွာ၊ သရက်ချောင်းမြို့ နယ် ကနက်သီရိကျေးရွာနှင့် ကော့သောင်း မြို့နယ် ပုလုံးတုံတုံးကျေးရွာတို့တွင် လူဦးရေ ၅၀၀ ဆံ့ မုန်တိုင်းဒဏ်ခံ အဆောက် အအုံ တစ်လုံးစီ တည်ဆောက်ထားသည်။