ရပ်ကျေးဘောလုံးပွဲတင်ဒါ တိုင်ကြားမှု အရေးယူရန်မရှိဟုဆို

0
534

ထားဝယ်မြို့နယ် ရပ်ကွက်၊ ကျေး ရွာဘောလုံးပွဲကျင်းပခွင့်တင်ဒါခေါ်ယူခြင်းနှင့် ပတ်သက်ပြီး တိုင်ကြားမှုကို အရေးယူဆောင်ရွက်ရန်မရှိဟု စစ်ဆေး ရေးအဖွဲ့က ပြန်လည်တင်ပြလာကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးက ပြော ကြားသည်။

ရပ်ကွက်၊ ကျေးရွာဘောလုံးပွဲ တင် ဒါခေါ်ယူခြင်းကို ပြန်လည်စိစစ်ပေးရန် ဒေသခံတစ်ဦးက ထားဝယ်မြို့နယ် အုပ် ချုပ်ရေးမှူးထံ လိပ်မူကာ တိုင်ကြားထား မှုကို စစ်ဆေးရေးအဖွဲ့က စစ်ဆေးပြီး နောက် ဇွန်လ ၂၆ ရက်တွင် ယင်းကဲ့သို့ တင်ပြလာကြောင်း ၎င်းက ပြောသည်။
ပြိုင်ပွဲကျင်းပရေး တင်ဒါမခေါ်မီက ထုတ်ပြန်ထားသည့် ကုန်ကျစရိတ်က တင်ဒါခေါ်ချိန်တွင် သတ်မှတ်လိုက်သည့် ကြမ်းခင်းဈေးထက် ငွေကျပ် ၇၇ သိန်း ပိုများနေခြင်း၊ တင်ဒါစည်းကမ်းချက်များ တွင် ပြိုင်ပွဲမကျင်းပဖြစ်က တင်ဒါထည့် ဝင်ငွေအား ပြန်အမ်းမည် မဟုတ်ဆို သည့်အချက်က တင်ဒါပြိုင်မည့်သူများ ကို ခြိမ်းခြောက်သကဲ့သို့ ဖြစ်နေပြီး ဒီမိုကရေစီနှင့် မကိုက်ညီကြောင်း တိုင် ကြားစာတွင် ရေးသားထားသည်။

ထားဝယ်မြို့နယ်အုပ်ချုပ်ရေးမှူးထံ လိပ်မူကာ ဇွန်လ ၅ ရက်နေ့က တိုင်ကြားထားခြင်း ဖြစ်သည်။
သစ်တောဦးစီးဌာန ထားဝယ်ခရိုင် ဦးစီးမှူးက အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်သည့် အဖွဲ့ဝင် ၃ ဦးပါ စုံစမ်း စစ်ဆေးရေးအဖွဲ့က သက်ဆိုင်သူများကို စစ်ဆေးခဲ့ပြီးနောက် ယင်းကဲ့သို့ အကြံ ပြု တင်ပြခဲ့ခြင်း ဖြစ်သည်။
“အသုံးစရိတ်တွေကို ရေးဆွဲပြီး တော့ အဲဒီကုန်ကျမယ့်ငွေကို ကြမ်းခင်း ဈေးအဖြစ် သတ်မှတ်ထားတဲ့အတွက် အရေးယူ ဆောင်ရွက်ရန် မရှိကြောင်း ဆိုပြီးတော့ ပြန်တက်လာတယ်”ဟု ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင် ခံစာကို ဇွန်လ ၂၈ ရက်တွင် တိုင်းဒေသ ကြီးအစိုးရထံ ဆက်လက်တင်ပြသွား မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ခရိုင်အုပ်ချုပ်ရေးမှူးက တာဝန်ပေး သည့်အတွက် တိုင်ကြားသူ၊ မြို့နယ် အားကစားမှူးနှင့် တင်ဒါကော်မတီအဖွဲ့ ဝင်များကို မေးမြန်းခဲ့ပြီးနောက် စစ်ဆေး တွေ့ရှိချက်၊ သုံးသပ်အကြံပြုချက်များ နှင့်အတူ အစီရင်ခံစာကို တင်ပြလိုက် ကြောင်း စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် သစ်တောဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆန်းဝင်းက ပြောသည်။
တင်ဒါမခေါ်မီက ပြိုင်ပွဲအတွက် ကုန်ကျမည့်ငွေက ကျပ် ၁၆၄ သိန်း ကျော်ရှိသည်ဟု ပြိုင်ပွဲကျင်းပရေး ကော် မတီက ထုတ်ပြန်ပြီး တင်ဒါခေါ်ယူချိန် ကြမ်းခင်းဈေးသတ်မှတ်ရာတွင် ၂၄၂ သိန်း ဖြစ်နေပြီး မလိုလားအပ်သည့် ကုန်ကျစရိတ်များ များနေကြောင်း တိုင် ကြားစာပေးပို့ခဲ့သူ ဦးနိုင်လွင်လတ်က ဆိုသည်။

ယင်းအပြင် တင်ဒါကြမ်းခင်းဈေး သတ်မှတ်ထားသည့် ၂၄၂ သိန်းတွင် ဘောလုံးသမား ၅၀၀ ဦးခန့်အတွက် အသုံးပြုထားသည့်ငွေက ၁၁၈ သိန်း သာရှိပြီး ဒိုင်လူကြီးများအတွက် အသုံး ပြုသည့်ငွေက ၇၃ သိန်း ရှိနေကြောင်း ၎င်းက ဆိုသည်။
အားကစားသမားများအတွက် ဝတ်စုံနှင့် အသုံးအဆောင်ပစ္စည်းများ ပြည့်စုံလုံလောက်စွာ ထောက်ပံ့မှုရစေ လိုသည့်အတွက် တိုင်ကြားခဲ့ခြင်းဖြစ် ကြောင်း ဦးနိုင်လွင်လတ်က ဆိုသည်။
“အရေးယူမှုမရှိဘူးဆိုရင် သက် ဆိုင်ရာ တာဝန်ရှိသူတွေပါတဲ့ သတင်းစာ ရှင်းလင်းပွဲ လုပ်ပေးပါလို့ တောင်းဆိုချင် တယ်”ဟု ၎င်းက ဆိုသည်။

ဘောလုံးပြိုင်ပွဲကျင်းပခွင့် တင်ဒါ ရရှိသူက ဘောလုံးပွဲကုန်ကျစရိတ် အားလုံးကို ကျခံရပြီး ကွင်းဝင်ကြေး အဖြစ် တစ်ဦးကို ငွေကျပ် ၅၀၀ ကောက်ခံ ခွင့်ပြုနေခြင်း ဖြစ်သည်။
ဘောလုံးပွဲကျင်းပချိန်တွင် ကွင်း ဝင်ကြေး ကောက်ခံခွင့်ရသူက ဆုကြေး ငွေများ၊ ဒိုင်ငှားရမ်းခ အစရှိသည့် ပွဲ ကျင်းပရေး စရိတ်များနှင့် ဘောလုံး အသင်း ထောက်ပံ့မှုများကို ကျခံရသည်။
ရပ်ကွက်ပေါင်းစုံဘောလုံးပြိုင်ပွဲတွင် အသင်း ၁၂ သင်း ဝင်ပြိုင်ပြီး ကျေး ရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် ၁၃ သင်း (သို့) ၁၄ သင်း ပါဝင်နိုင်ကြောင်း မြို့နယ်အား^ကာထံမှ သိရသည်။