လက်ကိုင်အိတ်လုသူ ဓားရှည်ဖြင့် ပြန်ခုခံသဖြင့် မောင်းသူမဲ့ဆိုင်ကယ်ဖြင့် တိုက်ဖမ်း

0
468

မြိတ်မြို့တွင် လက်ကိုင်အိတ် လု ယက်သူ လူငယ် သုံးဦးအား ဖမ်းဆီးခဲ့ရာ ဓားရှည်ဖြင့် ပြန်ခုခံသဖြင့် လူမဲ့ ဆိုင် ကယ်ဖြင့် တိုက်ဖမ်းခဲ့ရကြောင်း ကလွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးရန်နိုင် စိုးထံမှ သိရသည်။
ကန်ဖျားလမ်းမကြီးရှိ မြိတ်လေ တပ်စခန်းဌာနချုပ်အနီးတွင် ဇွန်လ ၂၇ ရက်နေ့ ည ၈ နာရီအချိန်ခန့်က ဆိုင် ကယ်စီးသွားနေသော စုံတွဲတစ်တွဲ၏ လက်ကိုင်အိတ် လုယက်ခံခဲ့ရပြီး လုယက် သူများကို လိုက်ဖမ်းရာမှ ဓားရှည်ဖြင့် ပြန်ခုခံခဲ့ခြင်း ဖြစ်သည်။
လုယက်သူ လူငယ် သုံးဦးရှိပြီးClick I အမျိုးအစားဖြင့် လုယက် ထွက်ပြေးခဲ့ခြင်း ဖြစ်ကြောင်း မြိတ်မြို့မ ရဲစခန်းထံမှ သိရသည်။
လုယက်ပြီးနောက် ဆိုင်ကယ်ပေါ် ပါ လူငယ်တစ်ဦးက ဓားရှည်တစ်ချောင်း အား ကတ္တရာလမ်းပေါ် တရွတ်တိုက် ဆွဲပြီး အဝေးပြေးလမ်းအတိုင်း ထွက်ပြေး ရာ လုယက်ခံရသည့် ဆိုင်ကယ်က အော်ဟစ်ကာ လိုက်နေသည်ကို ကလွင် ကျေးရွာအုပ်စုမှ ရာအိမ်မှူးတစ်ဦးက တွေ့ရှိခဲ့ရကြောင်း ယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

အဆိုပါ ရာအိမ်မှူးက စကားပြော စက်ဖြင့် ရဲတပ်ဖွဲ့ဝင်များ အရန်မီးသတ် တပ်ဖွဲ့ဝင်တို့နှင့် ရပ်^ကျေး အုပ်ချုပ်ရေး တာဝန်ရှိသူတို့အားဆက်သွယ်ကာ လိုက်လံဖမ်းဆီးခဲ့ကြောင်း ကလွင်ကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးရန်နိုင်စိုးက ပြောသည်။
“တစ်မြို့လုံးပတ်လိုက်ရတာ။ တစ်မြို့လုံးကို ပတ်ပြေးနေတာ။ ကပ် လိုက် လိုက်။ ဓားနဲ့ပြန်ခုတ်လိုက် လုပ် နေတယ်”ဟု ၎င်းက ပြောသည်။
ပိုက်ဆံအိတ်လုယက်သူများ သည် အဝေးပြေးလမ်းမှ တစ်ဆင့် လေယာဉ် ကွင်းလမ်း၊ ထူးထူးတိုးကြက်ခြံလမ်း၊ အဆောင်ကောင်းနှင့် မင်းဇာနည် ငါး အမှုန်ကြိတ်စက်ရုံလမ်း၊ အင်းလေးကမ်း ရပ်ကွက်၊ မြို့သစ်လမ်းမကြီး၊ ကန် ခေါင်းလမ်း၊ ကလွင်နယ်မြေရှိ ဘိုးဘွား ရိပ်သာလမ်း စသဖြင့် မြို့ပတ်မောင်းနှင် ထွက်ပြေးခဲ့ကြောင်း ဦးရန်နိုင်စိုးက ဆိုသည်။

ဘိုးဘွားရိပ်သာလမ်းတစ်နေရာအရောက်တွင်မူ ယင်းနေရာသို့ ကြိုရောက် နေသည့် ရာအိမ်မှူးတစ်ဦးက ဆိုင်ကယ် ပေါ်မှဆင်းကာ စက်နှိုးပြီး အသင့်စောင့် ဆိုင်းနေခဲ့ကြောင်း ၎င်းက ဆိုသည်။
ပိုက်ဆံအိတ်လုသည့်လူငယ်များ မောင်းလာသည့် ဆိုင်ကယ် အနီးအနား ရောက်လာသည့်အချိန်တွင် ဆိုင်ကယ် လီဗာကို တင်ကာ ဆိုင်ကယ်တစ်စီး တည်း လွှတ်လိုက်ပြီး ဆိုင်ကယ်နှစ်စီးကို တိုက်စေခဲ့ကြောင်း ကလွင်အုပ်ချုပ်ရေး မှူးရုံးထံမှ သိရသည်။
“ဆိုင်ကယ်လဲတဲ့နေရာမှာ တစ် ယောက်မိတယ်။ ကျန်နှစ်ယောက်က ထွက်ပြေးသွားတယ်”ဟု မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး ချိုလွင်က ပြောသည်။

ထွက်ပြေးသည့် လူငယ်နှစ်ဦး အနက် တစ်ဦးကို မိဘကိုယ်တိုင် ရဲစ ခန်းတွင် လာရောက်အပ်နှံခဲ့ပြီး အခြား တစ်ဦးကို ကျွဲကူးကျေးရွာတွင် ဖမ်းမိခဲ့ ကြောင်း စခန်းမှူး ဒုရဲမှူး ချိုလွင်က ပြောပြသည်။
ယင်းကဲ့သို့ ပိုက်ဆံအိတ်လုယက် သူ အသက် ၁၇ နှစ်အရွယ် နှစ်ဦးနှင့် ၁၉ နှစ်အရွယ်ရှိ လူငယ်သုံးဦးတို့အား မြိတ်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ် ၃၈၂ ဖြင့် အမှုဖွင့်အရေးယူစစ်ဆေးလျက် ရှိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။
ထို့ပြင် ပြီးခဲ့သည့် မေလ ၈ ရက် နေ့က ဆိုင်ကယ်ဖြင့် ပိုက်ဆံအိတ်လု ယက်ခဲ့သူ လူငယ် ၅ ဦးနှင့် မေလ ၂၂ ရက်နေ့က အမျိုးသား ၂ ဦးတို့အား ဖမ်းမိခဲ့ပြီးဖြစ်ကြောင်း မြိတ်မြို့မရဲစခန်း မှ သိရသည်။

လုယက်သူများအား ဖမ်းမိနေသော် လည်း လုယက်မှုရှိနေသေးကြောင်း မြိတ်မြို့ပေါ်ရှိ ရပ်^ကျေး အုပ်ချုပ်ရေးမှူးအသိုင်းအဝိုင်းထံမှ သိရသည်။
မေလ ၂၆ ကလည်း မြိတ် တောင် နယ်မြေတွင် အမျိုးသမီးတစ်ဦးထံမှ နှစ်ကျပ်ခွဲသားခန့်ရှိ ရွှေဆွဲကြိုးတစ်ကုံး အား ဃူငခု I ဆိုင်ကယ်မောင်းလာသည့် အမျိုးသားတစ်ဦးက လုယက်ထွက်ပြေးမှု ဖြစ်ခဲ့ကြောင်း မြိတ်တောင်နယ်မြေအုပ် ချုပ်ရေးမှူးရုံးမှ သိရသည်။