ဒီရေတောအတွင်း ငါး၊ ခရုမွေးမြူ ရန် မြေနေရာလျှောက်သည့်အပေါ် ကန့်ကွက်သွားမည်

0
386

ကော့သောင်းမြို့နယ်၊ ဘန်းကချွန် ကျေးရွာအုပ်စု၊ ယမုံနာကျေးရွာနံဘေး၊ ပါချန်မြစ် ဘန်းကချွန် ချောင်းတို့နှင့် ထိစပ်နေသည့် ဒီရေတောနေရာတွင် ငါး၊ ခရုမွေးမြူရန် မြေနေရာ လျှောက်ထား သည့်အပေါ် ကန့်ကွက်သွားမည်ဖြစ် ကြောင်း ပါချန်မြစ်ထိန်းသိမ်း စောင့် ရှောက်ရေးနှင့် မြစ်ဝှမ်းဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (ကော့သောင်း)က ဆို သည်။

ဒီရေတောမြေ ဧက ၉၀တွင် ငါး၊ ခရုမွေးမြူရေးလုပ်ကိုင်ခွင့်ပြုရန် ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးက မြေစာရင်း ဦးစီး ဌာနထံ လျှောက်ထားခြင်းအပေါ် သဘော မတူနိုင်သည့်အတွက် အနီးအနားရှိ ခရုမွေးကြသည့် ကျေးရွာသားများ စုပေါင်း လက်မှတ် ရေးထိုးထားပြီး ဇူလိုင် ၁ ရက်တွင် ကန့်ကွက်သွားမည်ဖြစ်ကြောင်း အထက်ပါအဖွဲ့က ဆိုသည်။

ဒီရေတော ဧက ၉၀ ပြုန်းတီး ခြင်းကြောင့် ထိခိုက်ပျက်စီးမည့် သဘာဝ ဘေးအန္တရာယ်များနှင့် ဒီရေတောများကို အမှီပြုကာ မွေးဖွားကြသည့် ရေနေ သတ္တဝါအပေါ် ထိခိုက်သည့်အပြင် ဒေသခံများ၏ အကျိုးစီးပွားဖြစ်သည့် ကဏန်း၊ ခရုဖမ်းသည့် အသက်မွေး ဝမ်းကျောင်းမှုကိုပါ ထိခိုက်နိုင်သည့် အတွက် ကန့်ကွက်ရန်စီစဉ်ခြင်းဖြစ် ကြောင်း ပါချန်မြစ်ထိန်းသိမ်းစောင့် ရှောက်ရေးနှင့် မြစ်ဝှမ်းဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(ကော့သောင်း) အတွင်း ရေးမှူး ဦးဇော်မင်းနိုင်က ဆိုသည်။

“ဒေသခံတွေလည်း ခရု မွေးကြတာ ပဲ။ ဒေသခံတွေမွေးတာက သစ်တစ်ပင် မခုတ်ဘူး၊ သဘာဝအလျောက် ရေတိမ် မှာ စင်ထိုးပြီး ခရုသားပေါက်လေးတွေ မွေးကြတယ်၊ လုပ်ငန်းရှင်ကို ပေးလိုက် ရင် လုပ်ငန်းကကြီးမယ် ဒီရေတော ဧက ၉၀ ပြုန်းတီးသွားမယ် ဒေသခံတွေရဲ့ ထမင်းအိုးလည်း ကွဲလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

မြေစာရင်းဦးစီးဌာနက ကန့်ကွက် နိုင်ကြောင်း ကြေညာထားသည့်အတွက် ဇူလိုင် ၄ ရက်မတိုင်မီ ကန့်ကွက် သွားမည်ဖြစ်ပြီး အနီးအနားကျေးရွာ များတွင်လည်း လက်မှတ်စုဆောင်းနေ ကြောင်း ယမုံနာကျေးရွာတွင် နေထိုင် သည့် ခရုမွေးမြူရေးသမား ဦးဖစုက ဆိုသည်။

လုပ်ငန်းရှင်တစ်ဦးက လျှောက် ထားသည့်အပေါ် ကကတစ်ငါးအမျိုး အစား ၊ ဂျင်း ၊ ခရု မွေးမြူရန်အတွက် မြေနေရာ လျှောက်ထားသည့်အပေါ် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် မပြုသင့်ကြောင်း ကန့်ကွက်လိုလျှင် ဇူလိုင်လ ၄ ရက် မတိုင်မီ မြေစာရင်းဦးစီးဌာနတွင် မည်သူမဆို လာရောက် ကန့်ကွက် နိုင်ကြောင်း ဖိတ်ခေါ်ထားသည်ဟု ကော့သောင်းမြို့နယ် မြေစာရင်းဦးစီး ဌာန ဦးစီးမှူး ဦးအောင်ကျော်မိုးက ပြော သည်။

“ကန့်ကွက်မယ့်သူက ဘာကြောင့် ကန့်ကွက်ချင်လဲဆိုတဲ့ အချက်အလက် နှင့်တကွ သတ်မှတ်ရက်မတိုင်မီ လာ ရောက် ကန့်ကွက်နိုင်ပါတယ်”ဟု အထက်ပါ ဦးစီးမှူးက ဆိုသည်။
အဆိုပါချောင်းတစ်လျှောက်ရှိ ယမုံနာကျေးရွာ၊ ဝဲကြီးကျေးရွာ၊ ဝဲငယ် ကျေးရွာအပြင် အခြားရွာတို့သည် ခရု၊ ကဏန်း ၊ ငါးဖမ်းခြင်းဖြင့် အသက်မွေး ဝမ်းကျောင်း ကြသည်။