‘မွန်အမျိုးသားကိုယ်စားပြုပါတီ’ဇူလိုင်လ ဒုတိယအပတ် တရားဝင်မှတ်ပုံ တင်မည်

0
498

“မွန်အမျိုးသားကိုယ်စားပြုပါတီ”(Mon National Representative Party – MNRP)ကို ဇူလိုင်လ ဒုတိယ အပတ်တွင် တရားဝင်မှတ်ပုံတင်သွား မည်ဟု ပါတီဖော်ဆောင်ရေးကော်မတီ အစည်းအဝေးက ဆုံးဖြတ်လိုက်သည်။

မွန်အမျိုးသားကိုယ်စားပြုပါတီ ကို မေလအတွင်းက ကျင်းပခဲ့သည့် ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံ (Mon National Representative Party – MNRP)တွင် ဖွဲ့ စည်းခဲ့ပြီး ဇူလိုင်လ ၉ ရက်တွင် တရား ဝင်မှတ်ပုံတင်မည်ဟု ဇွန်လ ၂၄ ရက်က ကျင်းပခဲ့သည့် ပါတီဖော်ဆောင်ရေး ကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ ကြောင်း မွန်အမျိုးသားကိုယ်စားပြုပါတီ ဖော်ဆောင်ရေး ၂၁ ဦး ကော်မတီဝင် မင်းမင်းနွယ်က ပြောသည်။

မွန်ပြည်သူတို့ အားကိုးအားထား ပြုနိုင်သည့် အင်အားကောင်းပြီး ကိုယ် စားပြုမှုရှိသည့် မွန်နိုင်ငံရေးပါတီတစ်ရပ် ပေါ်ထွက်လာနိုင်ရန် မွန်လူထုအလွှာစုံ ပါဝင်သည့် မွန်နိုင်ငံရေးညီလာခံကို ဇန် နဝါရီလအတွင်းက တစ်ကြိမ်၊ မေလအ တွင်းက တစ်ကြိမ် ကျင်းပခဲ့ပြီးနောက် ပါတီအသစ်တစ်ခုကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အသစ်ဖွဲ့စည်းလိုက်သည့် မွန်အ မျိုးသားကိုယ်စားပြုပါတီ ပေါ်ပေါက်လာ ရေးအတွက်ကို အဖွဲ့ဝင် ၂၁ ဦးပါသည့် ပါတီဖော်ဆောင်ရေးကော်မတီတစ်ရပ် ကိုလည်း ဖွဲ့စည်းခဲ့ပြီး ပါတီတရားဝင် ဖြစ်စေရေး၊ ပါတီမှတ်ပုံတင်နိုင်ရေး အတွက် ၂၁ ဦးအဖွဲ့က တာဝန်ယူဖော် ဆောင်လျက် ရှိသည်။