ကော့သောင်းတွင် အာဇာနည်ဗိမာန် ဆောက်မည့်အစီအစဉ် ဆိုင်းငံ့

0
449

ကော့သောင်းမြို့နယ်၊ ဘုရင့် နောက်ရပ်ကွက် ဘုရင့်နောင်ကုန်းမြေ အောက်ဘက်ရှိ စည်ပင်ပိုင်မြေနေရာတွင် ရန်ကုန်ရှိ အာဇာနည်ဗိမာန် ပုံတူ တည် ဆောက်မည့် အစီအစဉ်ကို ဆိုင်းငံ့ထား ကြောင်း အာဇာနည်ဗိမာန် ဖြစ်မြောက် ရေး ကော်မတီထံမှ သိရသည်။

လာမည့်ဇူလိုင် ၁၉ ရက် အာဇာနည် နေ့ အမီအောက်ခြေဖောင်ဒေးရှင်းအပြီး တည်ဆောက်ကာ စုပေါင်းအလေး ပြုမည့်အစီအစဉ်ကို အဆိုပါနေရာတွင် လျာထားသော်လည်း လက်တွေ့တွင် မြေယာပြဿနာကြောင့် ဆိုင်းငံ့ထားရ သည်ဟု အထက်ပါကော်မတီက ဆိုသည်။
၎င်းတို့လျာထားသည့် မြေနေရာ ဆက်စပ်ကွင်းပြင်မြေနေရာကို တပ်ပိုင် မြေဟုဆိုကာ တပ်ဖက်မှ ခြံစည်းရိုးများ လာရောက် ကာရန်ထားသည့်အတွက် ယခုနှစ်တွင် ဗိမာန်တည်ဆောက်ရန် မဖြစ်နိုင်တော့ကြောင်း အာဇာနည်ဗိမာန် ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် မြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးသက်နိုင် က ဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ဖြေရှင်းပေးရန် တိုင်းအစိုးရထံ ဇွန်လ ပထမအပတ်က တင်ပြထားကြောင်း ဦးသက်နိုင်က ဆိုသည်။
“တပ်ဘက်က ခြံလာခတ်စဉ်က လည်း စည်ပင်ကို အကြောင်းကြားပြီး သူတို့ ပိုင်တဲ့မြေနေရာကိုမြေစာရင်းနဲ့တိုင်းတာ ခြံလာခတ်သွားတာပါ”ဟု ကော့သောင်းမြို့နယ် စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိဦးဘဂွမ်က ဆို သည်။
ကော့သောင်းမြို့နယ်တွင် အာဇာနည် နေ့အခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ဗိုလ်ချုပ်မြင်းစီးရုပ်နေရာတွင် ကျင်းပသည်။