သစ်နှင့် မျောတိုင်ခိုးမှု

0
548

ထားဝယ်ခရိုင်တွင် လေးရက် အတွင်း တရားမဝင်သစ်နှင့် မျောတိုင် ခိုးမှု ခြောက်ကြိမ်ဖမ်းမိခဲ့ကြောင်း သစ် တောဦးစီးဌာန ထားဝယ်ခရိုင်ဦးစီးမှူး ဦးဆန်းဝင်းက ပြောသည်။
အဆိုပါ ခိုးမှုခြောက်မှုတွင် သစ် ၁၈ တန်နှင့် မျောတိုင် ၂၀ လုံး နှင့်အတူ ခိုးယူသူ ၅ ဦး၊ FORLAND ကား တစ်စီးတို့ကို သိမ်းဆည်းရမိကြောင်း ဦးဆန်းဝင်းက ဆိုသည်။

ဇွန်လ ၂၂ ရက်က ရားဖူးရွာကျေး ရွာအုပ်စု ရေး-ထားဝယ်ကားလမ်းမတွင် ပိုင်ရှင်မဲ့ ကဘန်အမျိုးအစား သစ် ၆ တန်ကျော်ကို ဖမ်းမိခဲ့ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။
ယင်းနေ့တွင်ပင် လောင်းလုံးမြို့ နယ် ကျောက်နီမော်ရွာအနီးရှိ ချောင်းနံ ဘေး နေရာ ၃ နေရာမှ ကျွဲသွေးသစ် အမျိုးအစား ၅ တန်ကျော်နှင့် သစ်ခိုးသူ ၃ ဦးကို ဖမ်းမိခဲ့ကြောင်း ခရိုင်သစ်တော ဌာနထံမှ သိရသည်။

ဇွန်လ ၂၅ ရက်နေ့တွင်လည်း ရားဖူးကျေးရွာအုပ်စု ကားလမ်းဘေး တွင်ပင် FORLAND ကားပေါ်တင်ထား သည့် သစ်(တိုင်လုံး) ၂ တန်ကျော်နှင့် မျောတိုင် ၂၀ လုံးကို ခိုးထုတ်သူ ၂ ဦး နှင့်အတူ ဖမ်းမိခဲ့သည်။
ယင်းနေ့တွင်ပင် ကလိန်အောင်မြို့ မှ နတ်အိမ်တောင်သွားသည့် ကားလမ်း ဘေး(တနင်္သာရီသစ်တောကြိုးဝိုင်း) တွင် ပိုင်ရှင်မဲ့ ကဒွတ် သစ်ခွဲသား ၃၄ ချောင်း(၄တန်ကျော်)ကို ဖမ်းမိခဲ့ကြောင်း အထက်ပါဌာနထံမှ သိရသည်။

အဆိုပါဖမ်းဆီးမှုများအနက် အများစုကို သစ်တော၊ KNU တပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အထက်ပါဌာနထံ မှ သိရသည်။