မွန်တွင် သံဃာတော်များပါ မူးယစ်ဆေးသုံးဟုဆို

0
538

မွန်ပြည်နယ်တွင် အမျိုးသမီး၊ လူငယ် များအပြင် သံဃာတော်များပါ မူးယစ် ဆေးဝါးသုံးစွဲနေကြောင်း တိုးတက်သော မွန်လူငယ်အစည်းအရုံး (MYPO) ဒုတိယ ဥက္ကဋ္ဌ မိမရောစန်းက ပြောကြားသည်။
တိုးတက်သော မွန်လူငယ်အစည်း အရုံး (MYPO)က ကောက်ယူသော အချက်အလက်အရ မွန်ပြည်နယ်တွင် လူငယ် ၇၃ ရာခိုင်နှုန်းကျော် မူးယစ်ဆေး ဝါးသုံးစွဲနေကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။
“အဲဒီထဲမှာ အလယ်တန်းအထက် တန်းကျောင်းသား လူငယ် အသက် ၁၂ နှစ်နဲ့ ၁၆ နှစ်ကြားတွေလည်း အများ အပြား တွေ့ရတယ်။ နောက်ပြီး အမျိုးသမီး လူငယ်တွေ နောက်တစ်ခုက စာသင် သံဃာတော်ငယ်တွေလည်း မူးယစ် ဆေးဝါးသုံးစွဲနေတယ်ဆိုတာ တွေ့ရှိရ ပါတယ်”ဟု မိမရော့စွန်းက ပြောသည်။

မွန်ဒေသအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှု အခြေအနေနှင့် ပတ်သက်ပြီး တိုးတက်သော မွန်လူငယ်အစည်းအရုံးမှ မွန်လူထုတို့နှင့် တိုက်ရိုက်တွေ့ဆုံ မေးမြန်းခြင်း၊ ဦးတည် အုပ်စုအလိုက် တွေ့ဆုံဆွေးနွေးခြင်းနှင့် စာရွက်ဖြင့် အချက်အလက်များ စုဆောင်းခြင်း ပုံစံ ဖြင့်တို့ဖြင့် သုတေသနပြုခဲ့ပြီး အစီရင် ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။
“လူငယ်အန္တရာယ်”အမည်ရ အစီရင် ခံစာတွင် စာမျက်နှာ ၄၀ ခန့်ပါရှိပြီး မွန်ဘာသာဖြင့် ထုတ်ဝေထားသည်။

မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အရေးယူမှု၊ တားဆီးမှုနှင့် ပညာပေးမှု အလွန်အားနည်းနေပြီး မူးယစ်ဆေးစွဲ သူများအတွက် ကုသရေးဌာန၊ ပြန်လည် ထူထောင်ရေးဌာနတွေလည်း မရှိသ လောက်ဖြစ်နေကြောင်း၊ ပညာသင်ကြား ရေးအခွင့်အလမ်း၊ အလုပ်အကိုင်အခွင့်အ လမ်းနည်းပါးခြင်းနှင့် မူးယစ်ဆေးဝါး ဆိုင်ရာ ဗဟုသုတနည်းပါးခြင်းတို့ကြောင့် မွန်ဒေသအတွက် မူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြားလာစေကြောင်း မိမရော့စွန်း က ဆက်ပြောသည်။

မူးယစ်ဆေးဝါးအမှုနှင့် ပတ်သက် ၍ အစိုးရက နေ့စဉ်ဖမ်းဆီးနေပြီး ထောင်ထဲ တွင် ထားစရာနေရာမရှိ လောက်အောင် ဖြစ်နေကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက လွှတ်တော် အစည်း အဝေးတစ်ရပ်တွင် ပြောကြားထားသည်။
၂၀၁၃ ခုနှစ်က မွန်ပြည်နယ် လူ့ အခွင့်အရေးဖောင်ဒေးရှင်းမှ ထုတ်ခဲ့သည့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အစီရင်ခံစာနှင့် နှိုင်းယှဉ်ပါက မွန်တွင် မူးယစ်ဆေးဝါးသုံးစွဲမှု နှစ်ဆခန့် တိုးလာ ကြောင်း လူငယ်အန္တရာယ် အစီရင်ခံစာ တွင် ဖော်ပြထားသည်။