ထားဝယ်သရဖူ ရငဲရွာသူ ဆွတ်ခူး

0
558

Miss Dawei 2017 ဆုရှင် ဩဂုတ်မိုးက သရက်ချောင်းမြို့နယ် ရငဲရွာသူလေး၏ ခေါင်းပေါ် သရဖူ ကိုယ် တိုင်ကိုယ်ကျ တယုတယ လွှဲပြောင်းပေး လိုက်သည်။
၂၀၁၈ ခုနှစ်၏ အသစ်စက်စက် သော ထားဝယ်အလှမယ်Miss Dawei 2018 Winner ရွှေရောင်ညဝတ်စုံ ဝတ်ဆင်ထားသည့် ငရဲရွာသူ ခင်စံပယ် မိုးလှိုင်က စိုနေသည့် မျက်လုံး၊ ပီတိ အပြုံးများဖြင့် နှစ်လိုစွာ လက်ခံလိုက်သည်။
သူမသည် ထားဝယ်လေးမြို့နယ်မှ စကာတင်အလှမယ် ၁၉ ဦး ဝင်ရောက် ယှဉ်ပြိုင်သော Miss Dawei 2018 ပြိုင်ပွဲတွင် ကျန်အလှမယ်များကို ကျော် ဖြတ်ကာ Miss Dawei 2018 သရဖူ ဆောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ခင်စံပယ်မိုးလှိုင်သည် သူမနာမည် ကို သရဖူပိုင်ရှင်အဖြင့် ကြေညာစဉ်တွင် သူ့မမျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ် ကာ အံ့ဩဟန်ပြုခဲ့သည်။

“ဒီဆု မျှော်လင့်မထားဘူး၊ ဆုရ တော့ အတိုင်းမသိ ပျော်ပါတယ်” ဟု အသက် ၂၀ အရွယ်ရှိ ခင်စံပယ်မိုးလှိုင်က ပြောသည်။
ယင်းရလဒ်ကြောင့် ခင်စပယ်မိုး လှိုင်သည် ၂၀၁၉ ခုနှစ်တွင် ၇ ကြိမ်မြောက် ကျင်းပမည့် မြန်မာ့အလှမယ် (ငျြ ပြညောမေ Gမေ(Miss Myanmar Grand Final) ပြိုင်ပွဲတွင် ထားဝယ်ဒေသကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။
“ကျွန်မ အကောင်းဆုံး ကြိုးစား သွားမယ်”ဟု သူမကဆိုသည်။

ခင်စပယ်မိုးလှိုင်မတိုင်မီ သွား ရောက်ယှဉ်ပြိုင်ခဲ့သော ၂၀၁၇ ထားဝယ် အလှမယ် (Miss Dawei 2017) ဩဂုတ်မိုးသည် ၆ ကြိမ်မြောက် Miss Myanmar Grand Final ပွဲတွင် မြို့နယ် ၃၀ မှ အလှမယ်များနှင့် ယှဉ်ပြိုင်ခဲ့ရသည်။
ထို ၆ ကြိမ်မြောက်ပြိုင်ပွဲတွင် ဩဂုတ် မိုးသည် ၁၃ ဦး စကာတင်စာရင်းဝင်ခဲ့ပြီး ယင်းရလဒ်က ထားဝယ်အလှမယ်များ (Miss Dawei) အတွက် အမြင့်ဆုံး အောင်မြင်မှု ဖြစ်ခဲ့သည်။

Miss Myanmar ပွဲစီစဉ်သူလည်းဖြစ်၊Miss Myanmar Grand Final အတွက် ခင်စံပယ်မိုးလှိုင်၏ နည်းပြ အဖြစ် ဆောင်ရွက်မည့်သူလည်းဖြစ်သော ကိုကျော်မိုးလွင်ကတော့ ယခုနှစ် သွား ပြိုင်မည့် ခင်စံပယ်မိုးလှိုင်အား မြန်မာ့ အလှမယ် (Miss Myanmar) သရဖူ ဆောင်းခွင့် ရစေလိုကြောင်း ပြောသည်။
“ဖြစ်နိုင်ရင်တော့ ကျွန်တော် ကတော့ Winner ကြီးတော့ ဖြစ်စေချင်တာပေါ့ နော်၊ ဒါပေမယ့် Top Five (စကာတင် ၅ ဦးစာရင်း) လောက်ထိ ဝင်ရင် ကျေ နပ်ပါပြီ”ဟု ကိုကျော်မိုးလွင်က ပြော သည်။

ထားဝယ်မြို့၌ ဇွန်လ ၃၀ ရက် တွင် ကျင်းပသော Miss Dawei 2017 ပြိုင်ပွဲသည် ထားဝယ်ဒေသ၏ သုံးကြိမ် မြောက် ပြိုင်ပွဲဖြစ်သည်။
ပထမအကြိမ် ၂၀၁၅ ခုနှစ်Miss Dawei 2015 သရဖူကို လောင်းလုံး မြို့နယ် မောင်းမကန်သူ ယုဇနထွန်း ပိုင်ဆိုင်ခွင့်ရခဲ့ပြီး ဒုတိယအကြိမ်Miss Dawei 2017 သရဖူကို ထားဝယ်မြို့၊ ပုံကျွန်းရပ်နေ ဩဂုတ်မိုးက ဆောင်းခွင့် ရခဲ့ခြင်း ဖြစ်သည်။

ယခုနှစ်ပြိုင်ပွဲတွင် အမျိုးသား ဝတ်စုံပြိုင်ပွဲကို ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပခဲ့ပြီး ယင်းဆုကို ရှေးခေတ်ထားဝယ်ဒေသသုံး ဒင်္ဂါးများ ကို ပုံဖော်ထားသည့် ဒီဇိုင်နာ အိသီရိလှိုင် ၏ ခဲဒင်္ဂါးမင်းသမီးဝတ်စုံက ပထမဆု(The Best Designer) ရခဲ့ပြီး ဒီဇိုင်နာ စည်သူနှင့် ရှိုင်းနောင်၏ သူရမချစ်ပို ဝတ်စုံက အကောင်းဆုံးမော်ဒယ်ဆု (The Best Model) ဆု ရရှိခဲ့သည်။
ထို့ပြင်Title Award ဆုများ အဖြစ် လူအကြိုက်အများဆုံးဆုကို မေမိုးထိုက်မာန် (Miss Famous) ဓါတ်ပုံအစားဆုံးဆုကို ပွင့်ယမုံဖူး (Miss Photogenic))၊ ပြိုင်ပွဲဝင်အချင်း ချင်းပေးအပ်သော ကိုယ်ရည်ကိုယ်သွေး အကောင်းဆုံးဆုကို (Miss Per-sonality) ကြည်ဖြူရှင်းသန့်နှင့် ပြိုင်ပွဲ ကို ပံ့ပိုးပေးသည့် ကုမ္ပဏီများမှ ရွေးချယ် သော ဆုများကိုပါ ပေးအပ်ခဲ့သည်။

ယခုနှစ်Miss Dawei 2018 ပြိုင်ပွဲ သို့ ထားဝယ် လေးမြို့နယ်မှ ပြိုင်ပွဲဝင် ၂၀ ဦး စကာတင် ရွေးချယ်ခဲ့ပြီးနောက် တစ်ဦးမှာ ဆိုင်ကယ်မတော်တဆမှု ကြောင့် ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း မရှိဘဲ ၁၉ ဦးသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။