လိုင်စင်မဲ့ယာဉ်မဟုတ်ကြောင်း မြိတ်အုပ်ချုပ်ရေးမှူး ပြန်ရှင်း

0
470

ဇနီးဖြစ်သူ မောင်းနှင်သည့် မော် တော်ယာဉ်မှာ လိုင်စင်မဲ့မော်တော်ယာဉ် မဟုတ်ကြောင်း မြိတ်မြို့နယ် အုပ်ချုပ် ရေးမှူး ဦးဝင်းသူအောင်က ဇွန်လ ၂၆ ရက်နေ့က ပြန်လည်ရှင်းလင်းခဲ့သည်။
ဇနီးဖြစ်သူ ဒေါ်နိုင်နိုင်မော် မောင်း နှင်သည့် Toyota Wagon (4X2) အနက်ရောင်အမျိုးအစား မော်တော်ယာဉ် သည် ဇွန်လ ၂၅ ရက်နေ့ ည ၁၁ နာရီ အချိန်ခန့်က ယာဉ်မတော်တဆမှုဖြစ် ခဲ့ရပြီး ယင်းမော်တော်ယာဉ်မှာ လိုင်စင်မဲ့ ဖြစ်ကြောင်း စွပ်စွဲချက်များ Facebook စာမျက်နှာပေါ် ပျံ့နှံ့ခဲ့သည်။

ထိုကြောင့် လိုင်စင်မဲ့ယာဉ်မဟုတ် ကြောင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး၏ ရုံးခန်းတွင် ဇွန်လ ၂၆ ရက်နေ့က ဒေသ အခြေစိုက် မီဒီယာများအား ခေါ်ယူတွေ့ ဆုံရှင်းလင်းခဲ့သည်။
“လိုင်စင်မဲ့ယာဉ် မဟုတ်ပါဘူး။ နှစ်ဦးနှစ်ဖက်လည်း ကျေအေးမှု ရရှိနေ ပါပြီ” ဟု ဦးဝင်းသူအောင်က ပြောသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး၏ ဇနီး ဖြစ်သူ ဒေါ်နိုင်နိုင်မော် မောင်းနှင်သည့် မော်တော်ယာဉ်မှာ အလယ်ကျွန်းနယ်မြေ ပုလဲလမ်းရှိ ပလက်ဖောင်းအားကျော် လွန်ကာ နေအိမ်တစ်ဆောင်အတွင်းရှိHonda Fit အမျိုးအစား မော်တော်ယာဉ် အား ဝင်ရောက် ပွတ်တိုက်ခဲ့ကြောင်း အုပ်ချုပ်ရေးမှူးက ဆိုသည်။

အဆိုပါ ယာဉ်မတော်တဆဖြစ်မှု တွင် လူထိခိုက်ဒဏ်ရာရခြင်းမရှိသည့်အတွက် အရေးယူထားခြင်း မရှိသေး သော်လည်း နစ်နာသူဘက်မှ တိုင်ကြား လာပါက အမှုဖွင့်အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြိတ်မြို့မရဲစခန်းမှ တာဝန်ရှိရဲအရာရှိတစ်ဦးက ပြောပြ သည်။
“ကားတံခါးပေါက်တွေနဲ့ ကားဘီး ကွေ ပိန်တာတွေပဲ ဖြစ်တာပါ။ အားလုံး ပြန်လုပ်ပေးမယ်ဆိုတော့ အဆင်ပြေပါ တယ်” ဟု Honda Fit မော်တော်ယာဉ်ပိုင် ရှင် ဒေါ်မူမူသန်းက ပြောသည်။

ယာဉ်မတော်တဆဖြစ်မှုအတွက် ယာဉ်စည်းကမ်းဥပဒေအရ အရေးယူ မည်ဆိုပါက ခံယူသွားမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်က ဆိုသည်။