ထားဝယ်တက္ကသိုလ် ရေရရှိရေး တောမိုးတောင်မှ ပိုက်သွယ်မည်

0
435

ရေအခက်အခဲရှိနေသည့် ထားဝယ် တက္ကသိုလ်တွင် ရေရရှိရေးအတွက် တက္ကသိုလ်မှ သုံးမိုင်ခန့်ဝေးသည့် တော မိုးတောင်မှ စိမ့်စမ်းရေကို ပိုက်ဖြင့် သွယ် တန်းရယူမည်ဖြစ်ကြောင်း တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ချိုချိုမြင့်က ပြောသည်။
ယင်းစီမံကိန်းကို လာမည့်ပညာ သင်နှစ်တွင် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ဒေါက်တာချိုချိုမြင့်က ပြော သည်။
တက္ကသိုလ်ရှိ ရေတွင်းများမှာ ဖေဖော်ဝါရီလဝန်းကျင်တွင် ခမ်းခြောက် လေ့ရှိသဖြင့် လိုအပ်သည့်ရေကို အပြင် က ဝယ်သုံးနေရပြီး ဆရာမအဆောင် များအတွက်ပင်လျှင် တစ်ပတ်စာရေဖိုး ကျပ်သုံးသိန်းကျော်ခန့် ကုန်ကျကြောင်း ၎င်းက ပြောသည်။

“လာမယ့်နွေတော့ ဒီအခက်အခဲကို ကျော်လွှားနိုင်မယ်လို့ ထင်တယ်”ဟု ဒေါက်တာ ချိုချိုမြင့်က ပြောသည်။
ရေရှားသည့်နွေရာသီတွင် ကျောင်း သား၊ ကျောင်းသူများအတွက် အဓိက အခက်အခဲဆုံးမှာ သန့်စင်ခန်းတွင် အသုံးပြုရန် ရေမရှိခြင်းဖြစ်ကြောင်း ယင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဋ္ဌ မဖြိုးစန္ဒာလင်းက ပြောသည်။
တောမိုးတောင်မှ စိမ့်စမ်းရေသည် ယင်းတက္ကသိုလ်အတွက် နေ့စဉ် ရေဂါ လံ နှစ်သောင်းသုံးထောင်ကျော်ကို ဖြည့် ဆည်းနိုင်မည်ဖြစ်ကြောင်း ထားဝယ် တက္ကသိုလ်ရေရရှိရေး ပူးပေါင်းဆောင် ရွက်နေသည့် ထားဝယ်ခရိုင် ဆည် မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန(ရေအရင်းအမြစ်) ဦးစီးအရာရှိ ဦးမြတ်ဝင်းထွန်းက ပြောသည်။

ထားဝယ်တက္ကသိုလ်တွင် လက်ရှိ ပညာသင်နှစ်တွင် ကျောင်းသူ၊ ကျောင်း သားနှင့် ဝန်ထမ်းစုစုပေါင်း လေးထောင် ကျော်ခန့်ရှိကြောင်း သိရသည်။