မြိတ်တွင် တရားမဝင် သယ်ဆောင်လာသည့် ဝက်အသေနှင့်အရှင်များ ဖမ်းမိ

0
404

မောတောင်မှ မြိတ်သို့ သယ်ဆောင် လာသည့် တရားမဝင် ဝက်အသေနှင့် အရှင် အကောင်ငါးဆယ်ကျော်ကို ဇွန်လ ၁၉ ရက်က ဖမ်းမိခဲ့ကြောင်း မြိတ်ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။

ယင်းနေ့ ည ၁၂နာရီခွဲ အချိန်ခန့် က မြိတ်မြို့နယ်၊ ပသောင်းကျေးရွာ အနီး ကြေးနန်းတိုင်တံတားရှိ ရဲတပ်ဖွဲ့ဝင် များက ကင်တာအမျိုးအစား မော်တော် ကားတစ်စီးအား ရပ်တန့်စစ်ဆေးရာ ယင်းသို့ဖမ်းမိခဲ့ကြောင်း ပသောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် မြိတ်ခရိုင် မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန၊ ဒုတိယညွန်ကြား ရေးမှူး ဒေါက်တာ အောင်ကျော်ဇောထံမှ သိရသည်။
ဝက်အသေ ၂၉ ကောင်နှင့် အရှင် ၂၄ ကောင် စုစုပေါင်း ၅၃ ကောင်အား ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ခွင့် ပြုချက် အထောက်အထားမရှိဘဲ ဝက် သယ်ဆောင်လာသူနှင့် ယာဉ်မောင်းတို့ အား တိရစ္ဆာန်ကျန်းမာရေးနှင့် ဖွံ့ဖြိုး ရေးဥပဒေ ပုဒ်မ ၂၃(ခ)ဖြင့် ဇွန်လ ၂၀ ရက်က မြိတ်မြို့နယ်တရားရုံးတွင် တရား စွဲဆိုထားကြောင်း ဒေါက်တာ အောင်ကျော် ဇောက ပြောသည်။

အထောက်အထား မရှိဘဲ ဝက်သယ် သည့်ကိစ္စများ မကြာခဏ တွေ့နေရ ကြောင်း ပသောင်းကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး ကိုနေလင်းစိုးက ပြောသည်။