တနင်္သာရီတိုင်း ဘော်လီဘောနည်းပြ ဓားခုတ်ခံရ

0
421

ပုလောမြို့နယ်တွင် နေထိုင်သည့် တနင်္သာရီတိုင်း အမျိုးသားဘော်လီဘော နည်းပြကို ကျေးရွာ ရာအိမ်မှူးတစ်ဦး၏ သားဖြစ်သူက ဓားဖြင့် ခုတ်ခဲ့ကြောင်း ပုလောကုန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ထံမှ သိရသည်။
ဖြစ်စဉ်မှာ ပုလောမြို့နယ်၊ ပုလော ကုန်းကျေးရွာအုပ်စု၊ မြို့ဟောင်းကျေးရွာ တွင် ဇွန်လ ၁၉ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မြို့ဟောင်းကျေးရွာ ရာအိမ်မှူး၏ သားဖြစ်သူနှင့် အဖော်တစ်ဦးက ကျူး လွန်ခဲ့ခြင်းဖြစ်ကြောင်း ပုလောကုန်းကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်မောင် အေးက ပြောသည်။

ဓားဖြင့်ခုတ်ခံရသည့် ဦးမင်းနိုင် သည် တနင်္သာရီတိုင်းကိုယ်စားပြု အမျိုး သားဘော်လီဘောအသင်း၏ နည်းပြ တစ်ဦး ဖြစ်သည်။
ဓားခုတ်ခံရသူ ဦးမင်းနိုင်ကမြို့ ဟောင်းကျေးရွာရှိ ရာအိမ်မှူးတစ်ဦး၏ သားဖြစ်သူဦးမြင့်နိုင်သည် ဆယ်အိမ်မှူး ဟုတ်မဟုတ် အခြားရာအိမ်မှူး တစ်ဦး ကို မေးမြန်းခဲ့ပြီး မေးမြန်းခံရသူ ရာအိမ် မှူးက ဦးမြင့်နိုင်အား သွားရောက်ပြောဆို ခဲ့ကြောင်း ဦးခင်မောင်အေးက ပြောသည်။
ယင်းနောက် ဦးမြင့်နိုင်က ညဘက် တွင် ဦးမင်းနိုင်နေအိမ်ရှေ့သို့သွား ရောက်ပြီး စကားပြောစရာရှိသည်ဟု ဆိုကာ နေအိမ် ပေါ်မှ ဆင်းလာရန် ပြောဆိုခဲ့ကြောင်း ၎င်းက ဆိုသည်။

“အောက်ဆုံးလှေကားထစ်ရောက် တာနဲ့ ခုတ်တာပဲ”ဟု အုပ်ချုပ်ရေးမှူး ဦးခင်မောင်အေးက ပြောသည်။
သို့သော် ယင်းသို့မေးမြန်းသည့် အတွက် ခုတ်ခြင်းမဖြစ်နိုင်ဘဲ ၎င်းကို ကြည့်မရခြင်းကြောင့်ဖြစ်နိုင်သည်ဟု ဓားဖြင့်ခုတ်ခံရသူ ဦးမင်းနိုင်က ဆိုသည်။
ဓားဖြင့်အခုတ်ခံရသဖြင့် ပြန်တက် ပြေးခဲ့စဉ် နောက်တစ်ဆင့်ထပ်ခုတ်ရာ ဦးမင်းနိုင်၏ အမေဖြစ်သူက နေအိမ်ပေါ် က ဆင်းလာပြီး သားဘက်မှ ဝင်ရောက် ကာမိသဖြင့် အမေဖြစ်သူတွင်လည်း ဒဏ်ရာရရှိခဲ့ကြောင်း အုပ်ချုပ်ရေးမှူးက ပြောပြသည်။
“မင်းမဲ့စရိုက်ဆန်လွန်းတယ်။ ပါး စပ်နဲ့ဖြေရှင်းလို့လည်း ရရဲ့သားနဲ့။ ဓား ခုတ်နေတဲ့အချိန်မှာလည်း ပြောတယ်။ ပါးစပ်နဲ့ ပြောလို့ရတယ်ပေါ့နော်။ ပါး စပ်နဲ့ပြောပါ။ ပါးစပ်နဲ့ပြောလို့ပဲ အော်နေ တာ”ဟု ဦးမင်းနိုင်က ပြောသည်။

လက်ရှိတွင် ဓားဒဏ်ရာများရရှိခဲ့သူ သားအမိနှစ်ဦးအား မြိတ်ဆေးရုံကြီးရှိ အရိုးကုသဆောင်တွင် ဆေးဝါးကုသမှု ခံယူနေရပြီး အသက်အန္တရာယ်စိုးရိမ် ရသည့်အခြေအနေမရှိကြောင်း ယင်း ဆေးရုံကြီးမှ သိရသည်။
ဓားခုတ်ခံရသည့်အတွက် ဦးမင်း နိုင်တွင် ညာလက်သူကြွယ်နှင့် လက် သန်း ပြတ်ထွက်သွားပြီး စတီးရိုးထည့် လိုက်ရသည့်အပြင် ခေါင်းကွဲဒဏ်ရာ၊ ဘယ်လက်ဖျံနှင့် လက်မ ပြတ်ရှဒဏ်ရာ တို့အပြင် အခြားဒဏ်ရာများ ရရှိခဲ့ ကြောင်း ဦးမင်းနိုင်က ပြောသည်။
မိခင်ဖြစ်သူတွင်လည်း ညာလက် လက်ဖျံတွင် ပြတ်ရှခဲ့ပြီး စတီးရိုးထည့် လိုက်ရသည်ဟု ဦးမင်းနိုင်က ဆိုသည်။
ဓားဖြင့်ခုတ်သူ ဦးမြင့်နိုင်ဆိုသူက ကိုယ်တိုင်ဖုန်းဆက် အဖမ်းခံသဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ သွားရောက် ဖမ်းဆီးခဲ့ကြောင်း အုပ်ချုပ်ရေးမှူး ဦးခင်မောင်အေးက ပြောပြသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဓားဖြင့်ခုတ်သူ ဦးမြင့်နိုင်နှင့် အဖော် လိုက်ပါသူတို့ကို ပုလောမြို့မရဲစခန်းက ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် အရေးယူထား ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။