သားသတ်လုပ်ငန်း ကျန်းမားရေးစစ်ဆေးခ တိုးကောက်

0
417

ထားဝယ်မြို့နယ်အပါအဝင် တိုင်း အတွင်းရှိ မြို့နယ်အားလုံးတွင် သား သတ်လုပ်ငန်းများထံမှ ကျန်းမာရေးစစ် ဆေးခကို ယခင် ငွေကျပ် ဆယ်ဂဏန်းမှ ထောင်ဂဏန်းကို တိုးကောက်နေကြောင်း ထားဝယ်မြို့နယ် မွေးမြူရေးနှင့် ကုသ ရေးဦးစီးဌာနထံမှ သိရသည်။

ယခင်က ကျန်းမာရေးစစ်ဆေးခ အဖြစ် ကျွဲ၊ နွားတစ်ကောင်လျှင် ၃၅ ကျပ်၊ ဝက်တစ်ကောင်လျှင် ၁၅ ကျပ် နှင့် သိုး၊ ဆိတ်တစ်ကောင်လျှင် ၁၀ ကျပ် ကောက်ခံကြောင်း အထက်ပါ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ သိန်းဇော်မင်း က ပြောသည်။
၂၀၁၈ ခုနှစ် ဧပြီလမှ စတင်ကာ ကျွဲ၊နွား တစ်ကောင်လျှင် သုံးထောင် ကျပ်၊ ဝက်တစ်ကောင်လျှင် တစ်ထောင့် ငါးရာ ကျပ်၊ သိုး၊ ဆိတ် တစ်ကောင် လျှင် ကျပ်တစ်ထောင် အသီးသီး တိုး ကောက်လျက်ရှိကြောင်း ဒေါက်တာ သိန်းဇော်မင်းက ပြောသည်။

“ဘာကြောင့်တိုးလာလဲဆိုရင်တော့ ဒီနှုန်းထားတွေက ခေတ်ကာလနဲ့လဲ မညီတော့ဘူးပေါ့နော်။ ဘာလို့ဆိုရင် နှုန်းထားတွေက အရမ်းနည်းနေတာလေ” ဟု ၎င်းက ဆိုသည်။
ယင်းကဲ့သို့ ကျန်းမာရေး စစ်ဆေးခ များ တိုးလာသော်လည်း သားသတ်လုပ် ငန်းရှင်များအတွက် အခက်အခဲ ကြီးကြီး မားမား မရှိကြောင်း လောင်းလုံးမြို့နယ် ကဒက်ကြီးကျေးရွာရှိ သားသတ်လုပ် ငန်းရှင်တစ်ဦးဖြစ်သူ ဦးအောင်မြင့်က ပြောသည်။

သားသတ်လုပ်ငန်း လိုင်စင်ကို သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေး အဖွဲ့က ချထားပေးပြီး လိုင်စင်အပေါ် မူတည်၍ တိရစ္ဆာန်များကို မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ကျန်းမာရေးစစ် ဆေးပေးရသည်။