ထီးခီးဂိတ်တွင် တစ်ဦးလျှင် ထိုင်းငွေ ဘတ်တစ်ရာ တရားမဝင်ကောက်ခံကြောင်း စစ်ဆေးပေါ်ပေါက်

0
420

ထိုင်း – မြန်မာနယ်စပ်ရှိ ထီးခီး နယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ အလုပ်လုပ်သွားမည့်သူများထံမှ အစိုးရ ဌာနများနှင့် အဖွဲ့အစည်းများက ထိုင်း ဘတ်ငွေတစ်ရာစီ တရားမဝင်ကောက်ခံ နေသည်ကို စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင် မောင်ဇင်က ပြောသည်။
ထီးခီးနယ်စပ်တွင် တာဝန်ကျနေ သည့် ဌာနဆိုင်ရာအရာရှိများက အဂတိ လိုက်စားကာ ကာစီနိုလောင်းကစားရုံများ ခွင့်ပြုထားခြင်း၊ ထိုင်းနိုင်ငံသို့ အလုပ် သွားလုပ်မည့်သူများကို ငွေကြေးကောက် ခံခြင်း အစရှိသည့်အချက်များကို ပြီးခဲ့ သည့် ဧပြီလက နိုင်ငံတော်သမ္မတထံ တိုင်ကြားထားသည်။

ထိုင်းဘတ်ငွေ တစ်ရာမှာ မြန်မာ ကျပ်ငွေ ၄၀၀၀ ကျော်နှင့် ညီမျှသည်။
တိုင်ကြားစာတွင် မြန်မာဘက်ခြမ်း ရှိ အဆိုပါဌာနများနှင့် အဖွဲ့အစည်းများ ကို စုစုပေါင်း ထိုင်းငွေ ဘတ် ၆၀၀ ပေး နေရကြောင်း ဖော်ပြထားသည်။
ထီးခီးနယ်စပ်တွင် တာဝန်ထမ်း ဆောင်နေသည့် ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ လ၀ကဌာန၊ ထွေအုပ်ဌာနတို့မှ အရာရှိများက ကရင် အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့နှင့်ပေါင်းပြီး ထိုင်းဘတ်ငွေ သန်း ပေါင်းများစွာ အဂတိလိုက်စားကာ ကာစီနိုလောင်းကစားရုံ၊ အပန်းဖြေစ ခန်းများ ဆောက်လုပ်ထားသည့်အပြင် ထိုင်းနိုင်ငံတွင် အလုပ်သွားရောက် လုပ် ကိုင်မည့်သူများထံမှ ငွေကြေးကောက်ခံ နေသည်ဟု ဆိုကာ တိုင်ကြားခဲ့ခြင်းဖြစ် ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
ယင်းတိုင်စာကို ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးဆောင်ကာ ဟိုတယ်/ ခရီး၊ စားသုံးသူရေးရာဌာနတို့မှ အဖွဲ့ဝင် ၃ ဦးပါ စုံစမ်းစစ်ရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ သည်။

လက်ရှိတွင် ထီးခီးဒေသခံများကို စစ်ဆေးချက်များအရ ထိုင်းနိုင်ငံသို့ သွားပါက လ၀က၊ အထူးသတင်းတပ်ဖွဲ့၊ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့၊ ရဲတပ်ဖွဲ့ အစရှိသည့်ဌာနများနှင့် KNU တို့ကို ထိုင်းငွေ ဘတ် ၁၀၀ စီပေးဆောင်ရ ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဦးမောင်မောင်ဇင်က ဆိုသည်။
“ထီးခီးရွာသားတွေက ဟုတ်တယ်၊ သူတို့ထွက်ရင် လ၀က၊ SB တို့၊ စရဖ တို့၊ တပ်တို့၊ ရဲတို့ကို ဘတ် ၁၀၀ စီ ပေးရတယ်ဆိုတာ ရွာသားတွေက ပြော တာ”ဟု ဦးမောင်မောင်ဇင်က ပြောသည်။
SB မှာ ပြည်ထဲရေး လက်အောက်ခံ သတင်းတပ်ဖွဲ့ဖြစ်ပြီး စရဖ မှာ ကာကွယ် ရေးဝန်ကြီးဌာန လက်အောက်ရှိ စစ်ဖက် ရေးရာ လုံခြုံရေးတပ်ဖွဲ့ ဖြစ်သည်။

တရားမဝင် ငွေကြေးကောက်ခံ နေသည့် ဌာနအကြီးအကဲများက ကြပ် ကြပ်မတ်မတ်ဆောင်ရွက်ရန် အကြံပြု ချက်နှင့်အတူ စစ်ဆေးတွေ့ရှိချက်များကို ဇွန်လ ၂၅ ရက်တွင် တိုင်းအစိုးရအဖွဲ့ထံ တင်ပြမည်ဖြစ်ကြောင်း ဦးမောင်မောင် ဇင်က ဆိုသည်။
ကာစီနိုလောင်းကစားရုံနှင့် အပန်း ဖြေစခန်းများ ဆောက်လုပ်ရန် ကုန်သွယ် ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ လ၀ကဌာန၊ ထွေအုပ်ဌာနမှ အရာရှိများ က ဘတ်ငွေ သန်းချီလာဘ်စားထား ကြောင်း တိုင်ကြားချက်မှာမူ စစ်ဆေး ပေါ်ပေါက်ခြင်းမရှိကြောင်း ဦးမောင် မောင်ဇင်က ပြောသည်။

သို့ရာတွင် နယ်စပ် ထီးခီးဒေသ တွင် ကာစီနိုလောင်းကစားရုံများ ရှိနေ သည်ကိုမူ စစ်ဆေးတွေ့ရှိကြောင်း ၎င်း က ဆိုသည်။
ဦးဆောင်တိုင်ကြားသူ အပါအဝင် စုစုပေါင်း ၁၅ ဦးက နိုင်ငံတော်သမ္မတထံ တိုင်ကြားထားခြင်းဖြစ်ပြီး တိုင်ကြားသူ အားလုံး၏ အမည်၊ မှတ်ပုံတင်အမှတ် များကို တိုက်ဆိုင်စစ်ဆေးရာ လွဲမှားနေ ကြောင်း အထက်ပါဌာနထံမှ သိရသည်။
ယင်းကဲ့သို့ လွဲမှားကာ ပစ်စာဖြစ် နေသော်လည်း တိုင်းအစိုးရက တာဝန် ပေးထားသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့က ဆက်လက် စစ်ဆေးခဲ့ခြင်းဖြစ်သည်။