ရင်ခွင်မဲ့ကလေး လျှော့ချရေး အသင်းဖွဲ့မည်

0
434

ကလေးစွန့်ပစ်မှုရှိလာသဖြင့် တနင်္သာရီတိုင်းအတွင်း ရင်ခွင်မဲ့ကလေး များ လျှော့ချရေးနှင့် ကာကွယ်စောင့် ရှောက်ရေးအသင်းဖွဲ့စည်းမည်ဖြစ် ကြောင်း တိုင်းလူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။
အသင်းဖွဲ့မည့်အချိန်ကို မသိရ သေးဘဲ လက်ရှိတွင် အသင်းဝင်လျှောက် လွှာများကို ထုတ်ပေးနေပြီဖြစ်ကြောင်း အထက်ပါဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်ခိုင်ဦးက ဇွန်လ ၂၂ ရက်တွင် ပြောသည်။

“ဒီလမှာလည်း ဖြစ်နိုင်တယ်။ ရှေ့ တစ်လမှာလည်း ဖြစ်နိုင်တယ်။ အဓိက က ပြည်သူလူထုတွေ များများသိပြီး လျှောက်လွှာ မြန်မြန်တင်ရင်တော့ မြန်မြန်ဖွဲ့ဖြစ်မယ်”ဟု ဒေါ်ခိုင်ခိုင်ဦးက ပြောသည်။
အသင်းဖွဲ့ပြီးပါက စွန့်ပစ်ကလေး များအတွက် လိုအပ်သည့် အကူအညီများ ပေးနိုင်ရန် သတင်းအချက်အလက် စု ဆောင်းခြင်း၊ ပညာပေးခြင်း စသည့် အစီအစဉ်များကို လုပ်ဆောင်မည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

ကလေးစွန့်ပစ်မှု ဖြစ်စဉ်များထက် မိဘသေဆုံးခြင်း၊ ကွာရှင်းခြင်းစသော မိဘများကြောင့် ရင်ခွင်မဲ့ကလေးဖြစ်သွား သည့် ဖြစ်စဉ်က ပိုမိုများပြားကြောင်း ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ လုပ်ဆောင်နေသော အစိုးရမဟုတ်သော အဖွဲ့အစည်း(NGဥ) တစ်ခုမှ ဝန်ထမ်း တစ်ဦးဖြစ်သူ ကိုဇာနည်စိုးမိုးက ၎င်း၏အတွေ့အကြုံကို ပြောပြသည်။

တိုင်းအတွင်း ရင်ခွင်မဲ့ကလေးများ နှင့် လူငယ်များတွေ့ရှိပါက မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာနကို ဆက်သွယ်နိုင်ပြီး ရန်ကုန်၊ မော်လမြိုင်မြို့ရှိ ကလေးပြုစု ပျိုးထောင်ရေးဌာန၊ လူငယ်ပြုစုစောင့် ရှောက်ရေး သင်တန်းကျောင်းများကို ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
တိုင်းအတွင်း ရင်ခွင်မဲ့ကလေးများ မည်မျှရှိကြောင်း စစ်တမ်းကောက်ယူ ထားခြင်း၊ ကလေး ပြုစုစောင့်ရှောက် ရေးဌာနဖွင့်လှစ်ရန် ဘတ်ဂျက် လျာ ထားခြင်း မရှိသေးကြောင်း တိုင်းလူမှု ဝန်ထမ်း ဦးစီးဌာနထံမှ သိရသည်။