ထားဝယ် အာဇာနည်ကျောက်တိုင် နှင့်ရင်ပြင် အာဇာနည်နေ့ အပြီးဆောက်မည်

0
445

ထားဝယ်မြို့ရှိ တိုင်းဒေသကြီး လွှတ်တော်ဝင်းနံဘေးတွင် တည်ဆောက် နေသည့် အာဇာနည်ကျောက်တိုင်နှင့် ရင်ပြင်ကို အာဇာနည်နေ့အမီ အပြီး တည်ဆောက်မည်ဖြစ်ကြောင်း လမ်းဦးစီး ဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းမင်းထွဋ်က ပြောသည်။
တိုင်းအစိုးရ၏ အစီအမံဖြင့် ဇွန် လအတွင်းက စတင်ဆောက်လုပ်နေပြီး ရင်ပြင်ကို ပေ ၁၅၀ ပတ်လည် ကွန်က ရစ်ခင်းမည်ဖြစ်ကာ အာဇာနည်ကျောက် တိုင် ၉ တိုင် ပါဝင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းမင်းထွဋ် က ဆိုသည်။

“အာဇာနည်နေ့ကို အဲဒီမှာ ကျင်းပ နိုင်မယ်လို့ ယူဆပါတယ်”ဟု တိုင်းဒေသ ကြီးဦးစီးမှူး ဦးဝင်းမင်းထွဋ်က ဆိုသည်။
ကျောက်တိုင်တစ်တိုင်စီတွင် အာဇာနည် ၉ ဦး၏ ဓာတ်ပုံများ ကပ်ထား မည်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းဓာတ် ပုံပါ ကျောက်တိုင်က ၉ ပေအမြင့်ရှိကာ ကျန်သည့် အာဇာနည်ပုဂ္ဂိုလ် ၈ ဦးပါ ကျောက်တိုင်များက ၇ ပေစီအမြင့်ရှိ မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အစိုးရရုံးရှေ့တွင် သမိုင်းဝင်အထင် ကရ ကျောက်တိုင်ရှိပြီးဖြစ်သည့်အတွက် အသစ်တည်ဆောက်ရန် မလိုအပ်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း(ထားဝယ်)မှ ဦးကျော် ကျော်သက်က ဆိုသည်။
“ဒီရုပ်ထုတွေ ကျောက်တိုင်တွေနဲ့ပဲ ပြီးကြတော့မလားလို့ ပြန်မေးချင်တယ်”ဟု ဦးကျော်ကျော်သက်က ပြောသည်။
ယခင်က အာဇာနည်နေ့အခမ်းအ နားကို တိုင်းစည်ပင်သာယာရေးအဖွဲ့ရုံး ဝင်းအတွင်းတွင် ကျင်းပနေပြီး ယင်းနေ ရာက နေရာကျဉ်းသည့်အတွက် တက် ရောက်သည့် လူဦးရေပမာဏနှင့်အဆင် မပြေကြောင်း ဦးဝင်းမင်းထွဋ်က ဆိုသည်။

အာဇာနည်ကျောက်တိုင်နှင့် ရင်ပြင် ကို လမ်းဦးစီးဌာနက တာဝန်ယူ ဆောက် လုပ်နေပြီး ကုန်ကျမည့် ငွေကြေးကို တည်ဆောက်ပြီးစီးချိန်မှသာ သိနိုင်မည် ဖြစ်ကာ တိုင်းအစိုးရရန်ပုံငွေထဲမှ ကျခံ မည့် အခြေအနေရှိကြောင်း ဦးဝင်းမင်းထွဋ် က ဆိုသည်။
တည်ဆောက်ပြီးပါက ပြည်သူ များ၏ အခြားအခမ်းအနားများကိုလည်း ကျင်းပခွင့်ရမည်ဖြစ်ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။