မယ့်သမီးခီးစက်မှုဇုန် အစီရင်ခံစာ လာမည့် တနင်္သာရီတိုင်းလွှတ်တော် အစည်းအဝေးတွင် တင်မည်

0
457

ထိုင်း-မြန်မာနယ်စပ်ရှိ မယ့်သမီး ခီး(ထီးခီး)စက်မှုဇုန် လေ့လာတွေ့ရှိချက် အစီရင်ခံစာကို လာမည့် တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေးတွင် တင်ပြမည်ဖြစ်ကြောင်း မယ့်သမီးခီးစက် မှုဇုန် လေ့လာသုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးတိုးလွင်က ပြောသည်။

အဖွဲ့ဝင် ၁၄ ဦးရှိသည့် ကော်မရှင် က ဇွန်လ ၁၀ ရက်တွင် အဆိုပါစက်မှု ဇုန်ဧရိယာနှင့် အနီးဝန်းကျင်ရွာများသို့ ၂ ရက်တာ ကွင်းဆင်းကာ စက်မှုဇုန်နှင့် ပတ်သက်၍ ဒေသခံများ၏ သဘော ထား၊ အခက်အခဲများ၊ စီမံကိန်းအကောင် အထည်ဖော်မည့် ကုမ္ပဏီ၊ KNU တာဝန် ရှိသူများနှင့်လည်း တွေ့ဆုံမေးမြန်းခဲ့ ကြောင်း ကော်မရှင် ဥက္ကဋ္ဌက ဆိုသည်။
ကော်မရှင်အဖွဲ့ ကွင်းဆင်းသည့် အချိန်နှင့် လွှတ်တော်အစည်းအဝေး ကျင်းပသည့်ရက် ကပ်သွားသည့်အတွက် ယခုအစည်းအဝေးတွင် မတင်ပြနိုင်ခြင်း ဖြစ်ကြောင်း ဦးတိုးလွင်က ပြောသည်။

ကွင်းဆင်းတွေ့ရှိချက်များအား ပြန်လည်သုံးသပ်မည့် အစည်းအဝေးလုပ် ပြီး လာမည့် ဒသမပုံမှန်အစည်းအဝေး တွင် တင်ပြနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
တိုင်းဒေသကြီးလွှတ်တော် န၀မပုံ မှန်အစည်းအဝေးကို ဇွန်လ ၁၄ ရက်မှ ဇွန်လ ၂၀ ရက်အတွင်း ၅ ရက် ကျင်းပခဲ့ သည်။
“အခုက ရက်ကပ်သွားလို့ နောက် လွှတ်တော်အစည်းအဝေးမှ တင်ပြမယ်”ဟု မယ့်သမီးခီးစက်မှုဇုန် လေ့လာသုံး သပ်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးတိုးလွင်က ပြောသည်။

မယ့်သမီးခီးစက်မှုဇုန် အစီရင်ခံစာ ကို မတ်လအတွင်း ကျင်းပမည့် လွှတ်တော် အစည်းအဝေးတွင် တင်သွင်းအတည်ပြု နိုင်မည်ဟု တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌက ပြီးခဲ့သည့် ဇန်နဝါရီလက ပြောကြားခဲ့ဖူးသည်။
မယ့်သမီးခီးစက်မှုဇုန် လေ့လာသုံး သပ်ရေးကော်မရှင်ကို ယခုနှစ်ဇန်နဝါရီ လအတွင်းက ကျင်းပသည့် တိုင်းဒေသ ကြီးလွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်း ခဲ့သည်။

KNU (ကရင်အမျိုးသားအစည်း အရုံး)က ထားဝယ်မြို့နယ် ထီးခီးဒေသရှိ မြေဧက ၆၆၇၆ ဧကပေါ်တွင် အထွေထွေ စက်မှုကုန်ထုတ်လုပ်ငန်းဇုန်၊ အကောက် ခွန်အာမခံ ကုန်လှောင်ရုံဇုန်နှင့် စက်မှုအ ခြေခံမြို့တော်ဇုန် စသည့် လုပ်ငန်း ၃ခု ပါဝင်သည့် စက်မှုဇုန်တစ်ခုဖော်ဆောင် ရန် ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်သည်။
ကော်မရှင်က စက်မှုဇုန်ဧရိယာအ တွင်း ပါဝင်သည့် ထီးခီး၊ ကတ္တရာခီးရွာ၊ ဇုန်ဧရိယာနှင့် ဆက်စပ်တည်ရှိနေသည့် ဆင်ဖြူတိုင်၊ ထီးထရွာများကို ကွင်းဆင်း ခဲ့ခြင်းဖြစ်သည်။

မယ့်သမီးခီးစက်မှုဇုန် ဖော်ဆောင် မည့် Mae Tha Mee Khee Region Industrial ကုမ္ပဏီမှာ တပ်မဟာ ၄ KNU (မြိတ်-ထားဝယ်ခရိုင်)၏ စီးပွား ရေးလုပ်ဆောင်ပေးနေသည့်Noble Prince ကုမ္ပဏီနှင့် KNU ကိုယ်စားပြု ကုမ္ပဏီတစ်ခုဖြစ်သည့် Sun and Rain- bow ကုမ္ပဏီပေါင်းထားခြင်းဖြစ်သည်။
ယင်းစီမံကိန်းကို တိုင်းအစိုးရက ပြီးခဲ့သည့်နှစ် အစိုးရအဖွဲ့အစည်းအဝေး တွင် သဘောတူပြီးနောက် တိုင်းလွှတ် တော်သို့ အတည်ပြုချက် တောင်းခံခဲ့ခြင်း ဖြစ်သည်။
တိုင်းလွှတ်တော်က အတည်ပြုချက် ရရှိပြီးပါက အပြီးသတ်ခွင့်ပြုချက်ရ သည်အထိ လုပ်ငန်းစဉ်အဆင့်များကို ထပ်မံ လုပ်ဆောင်ရဦးမည်ဖြစ်သည်