ငွေချေးမည်ဟုဆိုကာ လယ်သမားများကို လိမ်လည် ငွေတောင်းခံနေမှု အစိုးရ သတိပေး

0
436

လယ်သမားများထံ ချေးငွေထုတ် ချေးမည်ဟု လိမ်လည်ပြောဆိုကာ စာ ရွက်စာတမ်းကြေး ကောက်ခံနေမှုအား သတိထားရန် နေပြည်တော် အခြေစိုက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန်လ ၁၆ ရက်က သတိပေးလိုက်သည်။
ယင်းကဲ့သို့ စည်းရုံးပြောဆိုလာပါ က ကျေးရွာအတွင်းရှိ အုပ်ချုပ်ရေးမှူးများ နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ဆက်သွယ်ကြရန်နှင့် ခွင့်ပြု ချက်မရှိဘဲ ငွေချေးနေသူများကို အရေး ယူရန် စီစဉ်နေကြောင်း အထက်ပါ ဌာန ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တနင်္သာရီတိုင်းအတွင်း မြို့နယ် အချို့တွင်လည်း လယ်သမားတစ်ဦးလျှင် ချေးငွေ ၅ သိန်းမှ ၁၀ သိန်းအကြား ထုတ်ချေးမည်ဟု ပြောဆို စည်ရုံးကာ စာရွက်စာတမ်းကြေးအဖြစ် တစ်ဦးလျှင် ငွေ ၂၅၀၀ ကျပ်မှ ၇၅၀၀ ကျပ်အထိ တောင်းယူခဲ့ဖူးကြောင်း ထားဝယ်ခရိုင်ရှိ လယ်သမားအချို့က ပြောသည်။
ချေးငွေကို မြန်မာ့လယ်ယာဖွံဖြိုး ရေးဘဏ်မှ မိုးစပါးစိုက်ပျိုးစရိတ် ချေး ငွေများ ထုတ်ပေးသည့်အချိန်တွင် စတင် ထုတ်ပေးမည်ဟု ပြောဆိုကာ လယ်ယာ လုပ်ကိုင်ခွင့်ပြုလက်မှတ် (ပုံစံ ၇) ကို မိတ္တူကူးကာ ယူဆောင်သွားကြောင်း လယ်သမားအချို့က ပြောသည်။
သို့သော် ယခုအချိန်အထိ ချေးငွေ လာရောက်ထုတ်ပေးခြင်း မရှိသည့် အပြင် အဆက်အသွယ်လည်းမလုပ်တော့ ကြောင်း လောင်းလုံးမြို့နယ် ရေဖြူကျေး ရွာမှ ဦးမောင်ဝင်းကပြောသည်။

“သူတို့က တနင်္သာရီတိုင်းမှာ ချေး တဲ့သူ တစ်သောင်းပြည့်မှ ချေးပေးမယ့် သဘောမျိုးပြောတယ်” ဟု ဦးမောင်းဝင်း က ဆိုသည်။
ချေးငွေပေးမည့် ကုမ္ပဏီနာမည်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို လယ်သမားအချို့က မသိကြဘဲ အချို့ လယ်သမားများမှာ လာရောက်စည်ရုံး စဉ်က ဖြန့်ဝေခဲ့သည့် စာရွက်များကို ဖုန်းဖြင့် ဓာတ်ပုံရိုက်ထားသော်လည် ရှာမတွေ့တော့ကြောင်း ဆိုသည်။
ချေးငွေထုတ်ချေးမည်ဟုပြောဆို ကြသူများမှာ ပြီးခဲ့သည့် ဧပြီလနှင့် မတ်လတို့တွင် လာရောက်ခဲ့ကြခြင်း ဖြစ်ကြောင်း လယ်သမားအချို့ထံမှ သိရသည်။