တရားရုံးဝန်ဆောင်မှု စိတ်ကျေနပ်မှု ရှိ/မရှိ စစ်တမ်းကောက်မည်

0
440

ထားဝယ်ခရိုင်တရားရုံးနှင့် ထားဝယ် မြို့နယ်တရားရုံးတို့တွင် တရားရုံးအသုံး ပြုသူများ၏ စိတ်ကျေနပ်မှု ရှိ/မရှိ သိနိုင်ရန် စစ်တမ်းကောက်ယူမည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး တရား လွှတ်တော်ရုံးထံမှ သိရသည်။
အဆိုပါတရားရုံးများတွင် စစ်ဆေး ပြီး၊ စစ်ဆေးဆဲအမှုများတွင် တရားလို၊ တရားခံ၊ ရှေ့နေ၊ သက်သေ၊ ရဲတပ်ဖွဲ့၊ တရားရုံး ဝန်ထမ်းများ(တရားသူကြီး မပါ)ကိုပါ စိတ်ကျေနပ်မှုရှိ/မရှိကို ဇွန်လ တတိယအပတ်မှ စတင်ကာ စစ်တမ်း ကောက်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးကျော်စွာငြိမ်းက ဆိုသည်။

စစ်တမ်းတွင် တရားမဝင် ငွေပေး ရမှု ရှိ/မရှိ၊ အချိန်ကြန့်ကြာမှုရှိ/မရှိ အစရှိသည့် မေးခွန်း ၁၃ ချက် ပါဝင် မည်ဖြစ်ပြီး အမည်ရေးရန် မလိုအပ်ဘဲ အမှန်ခြစ်ပေးရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
စစ်တမ်းကို အလုပ်သင်ရှေ့နေ ၇ ဦးက ကောက်ယူမည်ဖြစ်ပြီး လိုအပ်ပါ က ဥပဒေကျောင်းသားများကပါ ကူညီ မည်ဖြစ်ကြောင်း ဦးကျော်စွာငြိမ်း က ဆိုသည်။
“တိုးတက်လာသလား၊ ဘယ် အချက်တွေမှာ ဆုတ်ယုတ်သွားလဲ၊ ဆုတ်ယုတ်တယ်ဆိုရင် ကျွန်တော်တို့ ပြုပြင်ရမယ်၊ တိုးတက်တယ်ဆိုရင် ဆက်တိုးတက်အောင် ဘာတွေလုပ်ရ မလဲ၊ အားနည်းချက် အားသာချက်ကို ဖော်ထုတ်ရမယ်”ဟု ဦးကျော်စွာငြိမ်းက ပြောသည်။

ပြည်သူလူထုအနေဖြင့် ယခင်က ပြောဆိုခွင့်မရဘဲ ယခုကဲ့သို ကောင်း ခြင်း ဆိုးခြင်းကို ပြောဆိုခွင့်ရလာသည်မှာ ကောင်းမွန်သည်ဟုထင်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်း စပ်ညှိနှိုင်းရေး အဖွဲ့ခွဲ အဖွဲ့ဝင် ဦးကျော် ကျော်ဦးက ဆိုသည်။
“ကိုယ့်ရဲ့သဘောထားအမြင်တွေ၊ ပြည်သူလူထုရဲ့အမြင်တွေကို လွတ်လပ် စွာ ထုတ်ဖော်ပြသလို့ ရတယ်”ဟု ဦးကျော်ကျော်ဦးက ပြောသည်။

ယင်းအပြင် ၂၀၁၇ ခုနှစ်အတွင်း အမှုအသီးသီး၏ အမှုပြီးပြတ်သည့်အချိန် ကို မှတ်တမ်းတင်မည်ဖြစ်ပြီး ပြီးခဲ့သည့်နှစ် များက အမှုကြာချိန်ကို နှိုင်းယှဉ်ကာ လိုအပ်ချက်များကို ပြုပြင်မည်ဖြစ် ကြောင်း ဦးကျော်စွာငြိမ်းက ဆိုသည်။
လက်ရှိတွင် ထားဝယ်ခရိုင်နှင့် ထားဝယ်မြို့နယ်တရားရုံးတို့တွင် ကနဦး လုပ်ဆောင်မည်ဖြစ်ပြီး လာမည့် ၂၀၂၂ ခုနှစ်တွင် တိုင်းအတွင်းရှိ တရား ရုံးအား လုံးတွင် ကောက်ယူမည်ဖြစ်ကြောင်း တိုင်းဒေသကြီးတရားလွှတ် တော်ရုံးထံမှ သိရသည်။