မော်လမြိုင် ကျိုက်သလ္လံစေတီ ယာယီပိတ်ထား

0
521

မိုးကြီးရေလျှံမှုကြောင့် မွန်ပြည် နယ်၏ အထင်ကရ စေတီတစ်ဆူဖြစ် သည့် ကျိုက်သလ္လံဘုရားဝင်းရှိ နေရာ အချို့တွင် ပြိုကျပျက်စီးမှုများ ရှိခဲ့သည့် အတွက် လတ်တလောတွင် ဘုရားဝင်း ကို ယာယီပိတ်ထားကြောင်း မွန်ပြည် နယ်အစိုးရအဖွဲ့နှင့် ဘုရားဂေါပကထံမှ သိရသည်။

ဇွန်လ ၁၆ရက်ညက အဆက် မပြတ် သည်းထန်စွာ ရွာသွန်းခဲ့သည့် မိုးနှင့် တောင်ကျချောင်းရေများကြောင့် ကျိုက်သလ္လံဘုရားရှိ တောင်နံရံပြိုကျမှု၊ တိုးချဲ့ဓမ္မာရုံ၊ ဘုရားစောင်းတန်းပြိုကျမှု ရှိခဲ့သည့်အတွက် လက်တလောတွင် ဘုရားဖူးခွင့် ယာယီပိတ်ထားခြင်း ဖြစ်သည်။

“တောင်နံရံမြေပြိုမှုကြောင့် ကျိုက်သလ္လံဘုရားကြီးမှာ အန္တရာယ် မရှိဘူး၊ ဒါပေမယ့် ဘေးမှာ မြေပြိုမှု ရှိနေတဲ့ အတွက်ကြောင့် ထပ်ပြိုလာလို့ ရှိရင် ဘုရားဖူးတွေထိခိုက်မှုကို စိုးရိမ်ပူ ပန်တယ်”ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။