ဘုတ်ပြင်းတွင် ဆယ်တန်းကျောင်းသူ မုဒိမ်းကျင့်ခံရ

0
479

ဘုတ်ပြင်းမြို့နယ် အလယ်မန်ရွာ တွင် ဇွန်လ ၁၈ ရက်ညက ဆယ်တန်း ကျောင်းသူတစ်ဦး မုဒိမ်းကျင့်ခံရကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

အသက် ၁၅ နှစ်အရွယ်ရှိ ဆယ် တန်းကျောင်းသူက ဇွန်လ ၁၈ ရက်ည တွင် ကျောင်းစာကူးရန် သူငယ်ချင်းထံ သွားရောက်ရာမှ ပျောက်သွားခဲ့ပြီး နောက်တစ်နေ့ နံနက်တွင် ရွာလယ်လမ်း မကြီးပေါ်တွင် ပြန်တွေ့ရကြောင်း ရဲမှတ် တမ်းအရ သိရသည်။
ကျောင်းစာကူးရန် နေအိမ်မှ ထွက် လာစဉ် ဘောလုံးကွင်းအနီးတွင် တစ်ရွာ တည်းနေသည့် အသက် ၂၃ နှစ် အရွယ် ရှိ ရည်းစားဖြစ်ခဲ့ဖူးသည့် အမျိုးသားက ချုံအတွင်းဆွဲခေါ်ကာ မုဒိမ်းပြု ကျင့်ခဲ့ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။
မုဒိမ်းပြုကျင့်သည့် အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ- ၃၇၆/၃၆၃ ဖြင့် ဘုတ်ပြင်းမြို့မရဲစခန်းတွင် အမှုဖွင့် အရေး ယူထားကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သိရ သည်။

ရာဇသတ်ကြီးပုဒ်မ-၃၇၆ (မုဒိမ်းမှု) သည် တစ်သက်တစ်ကျွန်း ထောင်ဒဏ် ဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်ပါ ချမှတ် နိုင်ပြီး ရာဇသတ်ကြီး ပုဒ်မ- ၃၆၃(လူခိုးမှု) မှာမူ ၇ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်နိုင်သည့်အပြင် ငွေဒဏ်ပါ ချမှတ် နိုင်သည်။