မကြုံကလက်ဘော်ဒါဆောင်တွင် ကျောင်းသား လက်မခံနိုင်သေး

0
392

ကော့သောင်းမြို့နယ်၊ စူငယ်ပါ လိုင်ကျေးရွာအုပ်စု၊ မကြုံကလက်ကျေး ရွာတွင် ဖွင့်လှစ်ထားသည့် ဆလုံဘော်ဒါ ဆောင်တွင် ကျောင်းအိပ်ကျောင်းစား တက်မည့်ကျောင်းသားများ လက်မခံနိုင် သေးကြောင်း မကြုံကလက်ကျေးရွာ ရပ်မိရပ်ဖများက ပြောသည်။
ဘော်ဒါအဆောင်နေ ကျောင်းသား များ၏ စားသောက်နေထိုင်ရန်နှင့် ထိန်း သိမ်းစောင့်ရှောက်ရန် တာဝန်ယူမည့် အဖွဲ့အစည်းနှင့် ပညာရေးအထောက် အပံ့ငွေကြေး မရှိသေးသောကြောင့် ဘော်ဒါနေကျောင်းသူကျာင်းသား လက် ခံရန် အဆင်သင့် မဖြစ်သေးကြောင်း မကြုံကလက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်းက ဆိုသည်။
“ကျောင်းဖွင့်ရာသီ မတိုင်ခင်က ရွာမှာနေတဲ့ ဆလုံတချို့ လာမေးကြ တယ်၊ အသေးစိတ် မသိရတော့ ဘာမှ ပြန်မပြောနိုင်ခဲ့ဘူး”ဟု ဦးကြည်ဝင်းက ဆိုသည်။

ဘော်ဒါဆောင်တွင် ကျောင်းဖွင့် သည့်အချိန် ကျေးရွာရှိ ဆလုံကလေးများ နှင့် ရွာနီးချုပ်စပ် ပင်လယ်ရွာများတွင် နေထိုင်ကြသည့် အလယ်တန်းတက်မည့် ဆလုံကလေးများအတွက် တင့်တင့် မြန်မာကုမ္ပဏီက ဆောက်လုပ်လှူဒါန်း ထားခြင်း ဖြစ်သည်။
“မကြုံကလက်ရွာမှာပဲ ကျောင်း တက်နေတဲ့ ဆလုံကလေး ဦးရေ ၅၀ လောက် ရှိတယ်၊ အဲအထဲမှာ ၂၀ ဦး လောက် ဘော်ဒါဆောင်နေချင်သူ ရှိပါ တယ်”ဟု မကြုံကလက်ကျေးရွာ အလယ်တန်းကျောင်းခွဲ ကျောင်းအုပ် ဆရာကြီး ဦးစိန်မြင့်က ဆိုသည်။

အခြားပင်လယ်ရွာများမှ ဆလုံများ ၏ သဘောထားကိုမူ မမေးရသေး ကြောင်း ဦးစိန်မြင့်က ဆိုသည်။
“ကျောင်းအုပ်ကြီးကို ကျောင်းတက် မယ့် ဆလုံကလေးတွေရဲ့ စာရင်းကို တင်ပြပေးဖို့ အခုပဲ ညွှန်ကြားထားပြီး ပါပြီ၊ ကျွန်တော်တို့ဘက်မှာလည်း ဒီကျောင်းအတွက် ပညာရေး အသုံးစရိတ် က မရှိတော့ ထပ်ဆင့် အသိမပေးဖြစ် တာပါ”ဟု ကော့သောင်းမြို့နယ် ပညာ ရေးမှူး ဦးမျိုးလွင်က ဇွန်လ ၂၂ ရက်တွင် ပြောသည်။

သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ် ရေးအဖွဲ့များနှင့် ပညာရေးဌာန တင်ပြ လာသည့် ကျောင်းသား စာရင်းအပေါ် အခြေခံပြီး ဘတ်ဂျက်ကိစ္စ ထည့်သွင်း ဆွေးနွေးသွားမည်ဟု ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဦးက ဆိုသည်။
“အခုကျောင်းဖွင့်ချိန်အမီ မဖွင့်နိုင် သေးတဲ့ သူတို့ဘက်က အခက်အခဲကို မသိရပေမဲ့၊ ဘယ်အချိန်မှာ ဘော်ဒါ ဆောင် စဖွင့်မလဲဆိုတာကိုတော့ ကျေး ရွာသားတွေ အကုန်လုံး မျှော်လင့်နေကြ ပါတယ်”ဟု မကြုံကလက်ကျေးရွာမှ ဦးခင်မောင်ထွေးက ဆိုသည်။

မကြုံကလက် ဆလုံဘော်ဒါဆောင် ကို ဇန်နဝါရီလ ၂၆ ရက်တွင် ဒုသမ္မတ ဟင်နရီဘန်ထီးယူနှင့် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးထားခြင်း ဖြစ် သည်။