ခရုမွေးမြူရေးလုပ်ငန်းများ ပြင်ပချေးငွေကိုသာ အဓိက အားထားနေရ

0
826

ကော့သောင်းမြို့နယ် ၊ ဘန်းကချွန် ကျေးရွာအုပ်စု ယမုံနာကျေးရွာရှိ တစ် နိုင်တစ်ပိုင် ခရုညိုနှင့် ကမာကောင် မွေးမြူရေး လုပ်ငန်းများသည် ပြင်ပချေး ငွေကိုသာ အားကိုးအားထားပြုနေရ သည်ဟု ယမုံနာကျေးရွာမှ ရွာသားတစ် ချို့က ဆိုသည်။
တစ်ပိုင်လုပ်ကိုင်ကြသည်ဆိုသော် လည်း အရင်းအနှီးအတွက် ပြင်ပတွင် အတိုးကြီးကြီးဖြင့် ချေးယူလုပ်ကိုင်ရ သောကြောင့် အကျိုးအမြတ်နည်းကြောင်း ယင်းရွာသားများက ပြောသည်။

တစ်နှစ်ပတ်လုံး ခရုမွေးမြူနိုင်ရန် အတွက် အစိုးရ၏ အစီအစဉ်တစ်ခုခုဖြင့် အတိုးနှုန်း နည်းနည်းဖြင့် ငွေထုတ်ချေး စေချင်ကြောင်း ယမုံနာကျေးရွာတွင် ခရုမွေးမြူလုပ်ကိုင်သည့် ဒေါ်ဖွားတင်က ဆိုသည်။
“မိုးစပါးချေးငွေ တစ်ဧက ဘယ် လောက် ထုတ်ချေးသလိုမျိုး တစ်နိုင်တစ် ပိုင်ရေလုပ်ငန်းအတွက်လည်း လာချေး ပေးမယ့် အဖွဲ့တွေ ရှိရင်တော့ ဒီထက် ပိုပြီး တွင်းတွင်းကျယ်ကျယ်လုပ်နိုင် လိမ့်မယ်”ဟု ဒေါ်ဖွားတင်က ဆိုသည်။
ခရုမွေးမြူရန်အတွက် တစ်နှစ်လျှင် ကျပ်သိန်း ၃၀ နီးပါး အရင်းအနှီးရှိပြီး လုပ်ငန်းချဲ့လျှင် ချဲ့သလို အရင်းအနှီး ကြီးကြောင်း ၎င်းက ဆိုသည်။

ခရုညို သားပေါက်ကလေးများနှင့် ကမာကောင်များကို ပိုက်ကွန်ထဲ၍ ပင် လယ်ရေရောက်သည့် ဒီရေတောအပင် အမြစ်များတွင် ချိတ်ဆွဲ မွေးမြူခြင်း၊ ပင်လယ်ရေထဲတွင် စင်ထိုးကာ မွေးမြူ ခြင်း စသဖြင့် တစ်နှစ်ပတ်လုံးထိန်းသိမ်း စောင့်ရှောက် မွေးမြူးသည်ဟု ခရုမွေး လုပ်ကိုင်သူများထံမှ သိရသည်။
ခရုသားပေါက်ကလေးများကို ထိုင်းဘက်မှ ဝယ်ယူရပြီး အကောင်ဖြစ် လာပါကလည်း ထိုင်းဈေးကွက်သို့ပင် အဓိက တင်ပို့ ရောင်းချကြကြောင်း ယမုံနာကျေးရွာမှ ခရုမွေးမြူလုပ်ကိုင် သည့် ဦးတင်ဝင်းက ဆိုသည်။

“ဒီနေ့အထိကတော့ ကိုယ့်စရိတ်နဲ့ ကိုယ် အဆင်ပြေသလို မွေးမြူနေကြတာ ပဲ”ဟု ၎င်းက ဆိုသည်။
ယမုံနာကျေးရွာအနီး ပါချန်မြစ် ကမ်းတစ်လျှောက် ဝဲကြီးကျေးရွာ၊ ဝဲငယ်ကျေးရွာ အုပ်စု ပင်လယ်ရွာလေး များတွင် ကဏန်းဖမ်းခြင်း၊ ခရုညိုမွေးမြူ ခြင်းနှင့် ကမာကောင်မွေးမြူရေးကို လည်း တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ် ငန်းအဖြစ် လုပ်ကိုင်ကြသည်ဟု ယမုံနာ ကျေရွာသားများထံမှ သိရသည်။