တိုင်းအတွင်း မူလတန်းပြ သုံးရာနီးပါးခန့်အပ်

0
373

လစ်လပ်မူလတန်းပြနေရာရှစ်ရာကျော်ရှိသော တနင်္သာရီတိုင်းတွင် မှုလ တန်းပြ ဆရာ၊ ဆရာမ သုံးရာနီးပါး ကို ဇွန်လ ၂၁ ရက်က ခန့်အပ်လိုက် ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရ သည်။
မူလတန်းဆရာအတတ်ပညာသင် တန်း (PPTT) ဆင်း ဆရာ၊ ဆရာမ ၁၄၂ ဦးနှင့် ဆရာအတတ်ပညာ ဒီပလိုမာ သင်တန်း(DTEd) ဆင်း ဆရာ၊ ဆရာမ ၁၃၅ ဦးကို ခန့်အပ်လိုက်ခြင်း ဖြစ်သည်။
“လစ်လပ်နေတဲ့ကျောင်းတွေကို ထားဝယ်မှာရှိတဲ့ ပညာရေးကောလိပ်က ကျောင်းသားတွေကို တစ်နှစ်တစ်ခါ ခန့် လေ့ရှိတယ်”ဟု တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်းအပြင် ပညာရေးတက္ကသိုလ် ဆင်း ပညာရေးဘွဲ့ရ ၁၄ ဦးကိုလည်း အထက်တန်းပြအဖြစ် ခန့်အပ်လိုက် ကြောင်း ၎င်းက ပြောသည်။
တိုင်းအတွင်း လက်ရှိ မူလတန်းပြ သုံးရာနီးပါး ခန့်အပ်လိုက်သော်လည်း ငါးရာကျော် ထပ်မံလစ်လပ်နေမည်ဖြစ် ကြောင်း တိုင်းပညာရေးမှူးရုံး စာရင်း များအရ သိရသည်။
လက်ရှိ ထားဝယ်ပညာရေးကော လိပ်တွင် ဆရာအတတ်ပညာ ဒီပလိုမာ (DTEd) ၂ နှစ် သင်တန်းတွင် ပထမနှစ် တက်ရောက်နေသူ ၂၀၆ ဦး၊ ဒုတိယနှစ် တက်ရောက်နေသူ ၂၀၇ ဦး စုစုပေါင်း ၄၁၃ ဦး ရှိကြောင်း ယင်းကောလိပ် ကျောင်းအုပ် ဒေါ်နီနီသန်းက ပြောသည်။
ယင်းအပြင် မူလတန်းဆရာအတတ် ပညာ (PPTT အပတ်စဉ် ၅/၁၈) သင်တန်း တက်ရောက်ထားသူ ကျောင်း သား၊ ကျောင်းသူ ၂၀၁ ဦးရှိကြောင်း ဒေါ်နီနီသန်းက ပြောသည်။

“ဒီ (PPTT) ကျောင်းသားတွေက လာမယ့်လမှာ အတန်းပြဆင်းဖို့ ရှိတယ်။ ပြီးရင် သင်တန်း ထပ်တက်ရဦးမှာ”ဟု ၎င်းက ဆိုသည်။
ဆရာအတတ်ပညာ ဒီပလိုမာ ဒုတိယ နှစ်သင်တန်းဆင်းများနှင့် မူလတန်း ဆရာ အတတ်ပညာ သင်တန်းဆင်း ဆရာများ ပေါင်းပါက လာမည့်ပညာသင်နှစ်တွင် မူလတန်းပြဆရာ၊ ဆရာမ ပျမ်းမျှ လေးရာ နီးပါး ခန့်အပ်နိုင်မည် ဖြစ်သည်။