ရေနံမြေ နံနက်ခင်းငါးဈေးနေရာ ရှာဆဲ

0
428

မြိတ်မြို့၊ ရေနံမြေရပ်ကွက်ရှိ မနက်ခင်းငါးဈေး နေရာပြောင်းရွှေ့ရန် ရပ်ကွက်နေသူများ တောင်းဆိုထားသည် မှာ တစ်နှစ်နီးပါး ကြာပြီဖြစ်သော်လည်း နေရာရှာနေဆဲဖြစ်ကြောင်း မြိတ်မြို့နယ်၊ စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။
ဇွန်လ ၄ ရက်နေ့က မြိတ်မြို့ ပုလဲ ရတနာခန်းမတွင် ပြုလုပ်သည့် တနင်္သာရီတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါ်က်တာလဲ့လဲ့မော်နှင့် ပြည်သူတွေ့ ဆုံပွဲတွင် ပြည်သူတစ်ဦးမှ ရေနံမြေ ငါးဈေး မည်သည့်အချိန် ပြောင်းမည် နည်းဟူသည့်မေးခွန်းအပေါ် မြိတ်မြို့ နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန် ရှိသူတစ်ဦးက မြို့သစ်ဈေး အနောက် ဘက်လမ်းသို့ ပြောင်းရွှေ့ရန် လျာထား ပြီး အတည်မပြုရသေးဟု ပြန်လည်ဖြေ ကြားခဲ့သည်။

ယင်းအပေါ် မြို့နယ်စည်ပင်သာ ယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကို ကမူ အဆိုပါငါးဈေးသည် မူလမြို့သစ် ဈေးပတ်ဝန်းကျင်ရှိ လူများမှ ကန့်ကွက် မှုကြောင့် ရေနံမြေရပ်ကွက်သို့ ပြောင်း ရွှေ့လာရခြင်းဖြစ်ကာ ယင်းနေရာသို့ ပြန်သွားရန် အဆင်ပြေမည် မဟုတ် ကြောင်း ပြောဆိုသည်။
“လွပ်လပ်ပြီး အဆင်ပြေမယ့်နေရာ၊ အားလုံးအတွက် အသင့်တော်ဆုံး နေရာ တစ်ခုကို ရှာနေတုန်းပါပဲ”ဟု ဦးမြတ်ကို ကိုက ပြောသည်။

လက်ရှိ လူနေရပ်ကွက်အတွင်း ရောင်းချနေသည့် ယင်းငါးဈေးမှ ထွက် သောအနံ့ဆိုးများ၊ ညဥ့်နက် သန်းခေါင် ရောင်းချ ဝယ်ယူသူများ၏ ဆူညံမှုများ၊ နယ်ဘက်သို့သွားရောက် ရောင်းချသည့် ဆိုင်ကယ် အိပ်ဇောဆူညံသံများကြောင့် ညဘက်အိပ်စက် နားနေမှု အပြည့်အဝ ရရှိခြင်းမရှိသဖြင့် ရပ်ကွက်နေ သက်ကြီး ရွယ်အိုများ ကျန်းမာရေး ထိခိုက်လာနေ ကြောင်း ရပ်ကွက်သားများက ပြောဆိုမှု ရှိနေသည်။
ငါးဈေးရောင်းချနေသူများဘက်က မူ မဖြစ်မနေ ပြောင်းရွှေ့ရမည်ဆိုလျှင် လှေဆိပ်နှင့်နီးသည့် နေရာနှင့် အမျိုး သမီးများအတွက် သွားလာရေး လုံခြုံမှု ရှိနိုင်မည့် နေရာကို ထည့်သွင်းစဉ်းစား ပေးစေလိုကြောင်း ပြောဆိုကြသည်။

“အဝေးကြီးကို ပြောင်းရင်တော့ သွားလာရ အဆင်မပြေဘူး”ဟု အသက် ၃၅ နှစ်ရှိ ငါးရောင်းသူ မချိုက ပြော သည်။
အဆိုပါငါးဈေးသည် ယခင်မြို့ သစ်ဈေး အနောက်ဘက်လမ်းတွင် ရောင်းချခဲ့ပြီး လက်ရှိနေရာသို့ ပြောင်း ရွှေ့ ရောင်းချနေ သည်မှာ ၃ နှစ်ရှိနေပြီ ဖြစ်သည်။

ယင်းငါးဈေးမှ ငါးများကို မြို့ပေါ် ရှိ ဈေးများနှင့် နယ်ကျေးရွာများသို့ ပြန် လည်ဖြန့်ဖြူး ရောင်းချလျက် ရှိသည်။