မြိတ်တွင် လက်နက်ပုန်း အများဆုံး ဖမ်းမိ

0
437

တိုင်းအတွင်း ယခုနှစ် ဇန်နဝါရီလ မှ မေလအထိ မြိတ်ခရိုင်တွင် လက်နက် ပုန်း အများဆုံး ဖမ်းမိခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရ သည်။
တနင်္သာရီတိုင်းတွင် ငါးလတာကာ လအတွင်း သေနတ်၊ ဓား အစရှိသည့် လက်နက်ပုန်း ၅၄ ကြိမ် ဖမ်းမိခဲ့သည့် အနက် မြိတ်ခရိုင်တွင် ၂၄ ကြိမ် ဖမ်းမိ ခဲ့သည်။

“တူမီးသေနတ်နဲ့ ဓား ဖမ်းမိမှုက ပိုများတယ်”ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိတစ်ဦးက ပြောသည်။
လက်နက်ပုန်းများကို မူးယစ်ဆေး နှင့်အတူ ဖမ်းမိသည့် ဖြစ်စဉ်များလည်း ရှိပြီး ပိတ်ဆို့စစ်ဆေး ရှာဖွေသည့်အချိန် များတွင်လည်း ဖမ်းမိကြောင်း ၎င်းက ဆိုသည်။

“အခုခေတ် ၁၈ နှစ် ၁၉ နှစ် ကလေးတွေ ဒီလိုလက်နက်တွေ ကိုင်နေ တာက မူးယစ်ဆေးဝါးတစ်ခုခု သုံးစွဲ ထားတာဖြစ်မယ် ထင်တယ်”ဟု မြိတ်မြို့ မြိတ်တောင်နယ်မြေတွင် နေထိုင်သည့် ဦးနိုင်စိုးက ပြောသည်။
၂၀၁၇ ခုနှစ်က တနင်္သာရီတိုင်း အတွင်း လက်နက်ပုန်းအမှု ၁၁၄ မှု ဖမ်းမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှတ်တမ်း အရ သိရသည်။

ငါးလတာကာလအတွင်း ခရိုင်အလိုက် လက်နက်ပုန်းဖမ်းမိမှု အခြေအနေ
ခရိုင် အမှုပေါင်း
မြိတ် ၂၄
ထားဝယ် ၁၅
ကော့သောင်း ၁၅