စာသင်ကျောင်းနှင့် လမ်းကိစ္စ ကတိမဖျက်ဟု Sနa ဠငနတ ဃသညိသ တာဝန်ရှိသူပြော

0
367

မြိတ်မြို့ Sea View Condo အနီးရှိ ရေပုန်းနယ်မြေ ငြိမ်းချမ်း သာယာရပ်ကွက်တွင် မူလတန်း ကျောင်း ဆောင်သစ်ဆောက်လုပ်ပေးပြီး လမ်းခင် ပေးမည်ဟူသော ကတိမပျက် စေရကြောင်း ယင်းကွန်ဒို ဒါရိုက်တာ ဦးဟန်ထူးအောင် က ပြောကြားလိုက်သည်။
မြိတ်မြို့ ကမ်းနားလမ်းရှိ Sea View Condo စီမံကိန်းက ကတိပြု ထားသည့်အတိုင်း စာသင်ကျောင်း ဆောင်နှင့်လမ်း မလုပ်ဆောင်ပေး ကြောင်း ရပ်ကွက်နေသူ အချို့က သတင်းစာရှင်းလင်းပွဲ ပြုလုပ် ပြောဆိုမှု အပေါ် ထိုသို့ ပြန်လည် ပြောကြားခဲ့ခြင်း ဖြစ်သည်။

Sea View Condo စီမံကိန်း စတင်အကောင်အထည်ဖော်ချိန် ၂၀၁၇ နှစ်ဆန်းပိုင်းတွင် စီမံကိန်း တာဝန်ရှိသူ များက ထိုသို့ ပြောဆိုထားခြင်းဖြစ် ကြောင်း ငြိမ်းချမ်းသာယာရပ်ကွက်ရှိ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရုံးတွင် ရပ်ကွက်နေ ဒေသခံအချို့နှင့် ဒီမိုကရက် တစ်ပါတီဝင် ၂၀ ဦးခန့်က သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“သုံးလပိုင်း (မတ်လ) ကုန်တာနဲ့ လမ်းလုပ်ပေးမယ် ကျောင်းဆောက် ပေးမယ် ပြောထားတယ်။ ရေအိုင်ဖြစ် နေတဲ့နေရာတွေကို မြေဖြည့်ပေးမယ်လို့ ပြောထားတယ်။ အခု ငါးလပိုင်းပဲကုန် သွားပြီ ဘာမှမလာဘူး”ဟု ရပ်ကွက်နေ သူတစ်ဦးဖြစ်သူ ဦးမောင်အေးက ပြောသည်။

ရေမြောင်းဖောက်ပေးခြင်း၊ လမ်း ခင်းပေးခြင်း မရှိသည့်အတွက် မိုးတွင်း ကာလတွင် ကွန်ဒိုအနောက်ဘက် အုတ် နံရံနှင့် လေးပေခန့် အကွာရှိ နေအိမ် တို့၏ အောက်ဘက်တွင် ရေလွှမ်းနေ ကြောင်း ယင်းလမ်းတွင်နေထိုင်သူတို့က ဆိုသည်။
ငြိမ်းချမ်းရေးရပ်ကွက်အတွင်းရှိ စာသင်ကျောင်းနှင့် လမ်းခင်းပေးရန် ကုမ္ပဏီဘုတ်အဖွဲ့သို့ တင်ပြပေးထားပြီး မည်သည့်အချိန်တွင် လုပ်ဆောင်ပေး မည်ဆိုသည်ကို အတိအကျမပြောနိုင် သေးကြောင်း Sea View Condo ဒါရိုက်တာ ဦးဟန်ထူးအောင်က ပြောပြသည်။

“ပေးထားတဲ့ ကတိကဝတ်ကို မပျက်စေရပါဘူး။ ဒါကိုတော့ အာမခံ ပါတယ်”ဟု ဦးဟန်ထူးအောင်က ပြောသည်။
Sea View Condo အနေနှင့် မြိတ်ဒေသဖွံဖြိုးရေးအတွက် လိုအပ် သည့် နေရာတို့တွင် လှူဒါန်းပေးနိုင်ရန် ကုမ္ပဏီဘုတ်အဖွဲ့၏ နှစ်အလိုက် ခွင့်ပြု ပေးသည့် ဘဏ္ဍာငွေဖြင့် အရေးကြီး ဦးစားပေးကဏ္ဍအလိုက် ဆောင်ရွက် နေကြောင်း ကွန်ဒိုစီမံကိန်းရုံး၏ အဆို အရ သိရသည်။

အခန်းအရေအတွက် နှစ်ထောင် ကျော်ပါဝင်မည့် Sea View ကွန်ဒိုသည် မြိတ်ကမ်းနားလမ်းရှိ အကျယ် ၁၁.၈ ဧက ပေါ်တွင် တည်ဆောက်နေခြင်း ဖြစ်သည်။