ဇမ္ဗူသီရိ အရေးပေါ်ကားအချို့GPS တပ်ဆင်

0
358

ထားဝယ်မြို့ အခြေစိုက် ဇမ္ဗူသီရိ အရေးပေါ် လူနာ ကူညီသယ်ဆောင် ရေးအဖွဲ့ရှိ အရေးပေါ် လူနာတင်ယာဉ် အချို့တွင် ကမ္ဘာလုံးဆိုင်ရာ တည်နေရာ ပြစနစ် (GPS) ကို ပြီးခဲ့သည့်အပတ်က တပ်ဆင်ခဲ့ကြောင်း အဆိုပါအဖွဲ့၏ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။

အရေးပေါ်လူနာတင်ကား ၅ စီးတွင် GPS စနစ်တပ်ဆင်ထားပြီး မီးလောင်မှုကဲ့သို့ ဖြစ်စဉ်များတွင် ကားများပိတ်မိနေပါက ကား၏တည်နေရာကို သိရှိနိုင်ပြီး ဖောက်ထွက် နိုင်မည့်လမ်းကို ရုံးကနေတဆင့် ညွှန်ပြ နိုင်မည်ဖြစ်ကြောင်း ဦးနိုင်မျိုးသွင်က ဆိုသည်။
“ကားက မြေပုံမှာပေါ်နေတာ ဖြစ်တဲ့အတွက် လမ်းကြောင်းမသင့်ရင် တခြားလမ်းကြောင်းကို လွှဲပေးနိုင် တယ်”ဟု ၎င်းက ပြောသည်။
ယင်းအပြင် လူနာတင်ယာဉ်များ သွားလာစဉ် အရှိန်နှုန်းများနေပါက ရုံးမှ သိရှိနိုင်ပြီး အရှိန်လျော့ခိုင်းနိုင် ကြောင်း ဦးနိုင်မျိုးသွင်က ဆိုသည်။

GPS တစ်စုံလျှင် ငွေကျပ် တစ်သိန်း ဝန်းကျင်ကျသင့်ပြီး ဇမ္ဗူသီရိ အဖွဲ့ရှိ ကျန်သည့် လူနာတင်ကားများ တွင်လည်း ထပ်မံတပ်ဆင် မည်ဖြစ် ကြောင်း ၎င်းက ပြောသည်။