ကနက်သီရိတွင် ကမ်းပါးပြို၊ နေအိမ်ငါးလုံး ပျက်စီး

0
354

သရက်ချောင်းမြို့နယ် ကနက်သီရိ ကျေးရွာတွင် ဒီရေ မြင့်တက်လာမှုကြောင့် ပင်လယ်ကမ်းပါးပြိုကျသဖြင့် နေအိမ် ငါးလုံး ပျက်စီးခဲ့ကြောင်း ကျေးရွာသား တို့ထံမှ စုံစမ်းသိရှိရသည်။
ထို့အပြင် ကမ်းပါးရှိ နေအိမ်များ ယိုင်နဲ့လာခြင်းကြောင့် အခြားမိသားစု ၁၅ စုခန့်လည်း ပြောင်းရွှေ့နေထိုင် နေရကြောင်း ယင်းကျေးရွာ မြေထိန်း နံရံဆောက်လုပ်ရေး ကူညီဆောင်ရွက် နေသည့် ကိုဇော်က ဆိုသည်။

ဇွန်လ ၁၃ ရက်မှစပြီး သုံးရက် ဆက်တိုက် ပင်လယ်ဒီရေမြင့်တက်လာ ပြီး လေပြင်းကြောင့် လှိုင်းလုံးကြီးများ ကမ်းပါးကို လာပုတ်ခတ်သဖြင့် ကမ်း ပါးပြိုကျရခြင်းဖြစ်ကြောင်း ကိုဇော်က ပြောသည်။
“အိမ်ငါးဆောင်က လုံးဝနေလို့ မရတော့ဘူး၊ တစ်ခါတည်း လဲကျသွား တာ”ဟု ၎င်းက ပြောသည်။
မြန်မာလဆန်း၊ လဆုတ်ရက်များ တွင် ဒီရေထပ်မံ တက်လာနိုင်သဖြင့် ကမ်းပါးပြိုကျမူကို ထိန်းထားနိုင်ရန် စေတနာရှင်များထံမှ အလှူခံပြီး သဲ အိတ်များဖြင့် ယာယီ ရေထိန်းနံရံ ပြု လုပ်ထားရကြောင်း ၎င်းက ပြောသည်။

ယင်းကမ်းပါးပြိုကျမှုတွင်ပါဝင် သည့် မိသားစုဝင်များကို ကြက်ခြေနီ အသင်းက ကယ်ဆယ်ရေးပစ္စည်း အထောက်အပံ့များ ပံ့ပိုးပေးထားပြီး၊ ယင်းကျေးရွာရှိ ပရဟိတအဖွဲ့များက လည်း အလှူငွေများ လှူဒါန်းပေးနေ ကြောင်း ၎င်းကပြောသည်။
တိုင်းဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကလည်း ရေဘေးအန္တရာယ် ခံစားနေသူများကို သွားရောက်ထောက်ပံ့ပေးရန် အစီအစဉ် ရှိကြောင်း ယင်းဌာန ဒုတိယဦးစီးမှူး ကိုနိုင်လင်းထက်က ပြောသည်။

ကနက်သီရိကျေးရွာအရှေ့ဘက် တွင် နှစ်စဉ်ကမ်းပါးပြိုသဖြင့် ယင်းနေ ရာအား ကျောက်တန်းစီထားပြီး ယခု ရေတိုက်စားသည့်နေရာမှာ ကျောက် တန်းစီရန် ကျန်နေသည့် နေရာတွင်ဖြစ် ကြောင်း သိရသည်။