ထားဝယ်တွင် စက်မှုလယ်ယာ ဧက နှစ်ရာကျော် ဖော်မည်

0
396

ထားဝယ်ခရိုင်အတွင်း လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စက်မှု လယ်ယာစနစ်ကျ လယ်ယာမြေဧက နှစ်ရာကျော်ကို ဖော်ထုတ်ရန် လျာထား ကြောင်း ထားဝယ်မြို့နယ် စက်မှုလယ်ယာ ဦးစီးမှူး ဦးသန့်ဇင်ဦးက ပြောသည်။
တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် စက်မှုလယ်ယာဧက ၂၅၀ ကို ဖော်ရန် လျာထားပြီး လာမည့်ဒီဇင်ဘာလခန့်တွင် ဖော်ဆောင်မည်ဖြစ်ကာ လက်ရှိတွင် တိုင်းအစိုးရထံ တင်ပြသွားမည်ဖြစ် ကြောင်း ဦးသန့်ဇင်ဦးက ဆိုသည်။

ထားဝယ်မြို့နယ်ရှိ ကျောက်မော် ရပ်ကွက်တွင် ဧက ၅၀၊ ရေဖြူမြို့နယ် ပိန်းရှောင်ရွာတွင် ဧက ၁၀၀ နှင့် လောင်းလုံး မြို့နယ် ကဒက်ကြီးရွာတွင် ဧက ၁၀၀ ကို ဖော်ဆောင်မည် ဖြစ်သည်။
သမားရိုးကျ လယ်ကွက်အား ထောင့်မှန်စတုဂံပုံစံဖြစ်အောင် စနစ် တကျ အကွက်ဖော်ခြင်းဖြစ်သည်။
စက်မှုလယ်ယာစနစ်ကျ လယ်ယာ မြေဖော်ဆောင်မည့် လယ်သမားများ အနေနှင့် ငွေကြေးတစ်စုံတစ်ရာပေးရန် မလိုဘဲ အစိုးရရန်ပုံငွေဖြင့် လုပ်ဆောင် ခြင်းဖြစ်သည်။

စနစ်ကျလယ်ယာမြေဖော်ထုတ်မည့်နေရာကို သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်၊ မြေစာရင်း၊ စိုက်ပျိုးရေး၊ အုပ်ချုပ်ရေး အစရှိသည့် ဌာနများနှင့် ဆွေးနွေးညှိနှိုင်းကာ လယ်ပိုင်ရှင်များ၏ သဘောတူညီချက်ဖြင့် ရွေးချယ်လုပ် ဆောင်နေကြောင်း ဦးသန့်ဇင်ဦးက ဆိုသည်။
လယ်ကွက်များတွင် စနစ်ကျလယ် ယာမြေလုပ်ပြီး စိုက်ပျိုးပါက ထွန်စက်၊ ရိတ်သိမ်းခြွေလှိမ့်စက်ကဲ့သို့ စက် ယန္တာ ရားများ အလွယ်တကူဝင်ထွက်နိုင်သည့် အတွက် အချိန်မီထွန်ယက်စိုက်ပျိုးနိုင်ခြင်း၊ အချိန်မီရိတ်သိမ်းနိုင်ခြင်းကြောင့် သီးနှံ အရည်အသွေးကောင်းများ ရရှိနိုင်ကြောင်း စက်မှုလယ်ယာဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးအောင်ကျော်ဦးက ရှင်းပြသည်။
“မြေညီဖြစ်သွားလို့ ရေသွင်း ရေထုတ် ညီပြီး မြေဩဇာကို အပင်တွေက အားလုံး စားသုံးရတဲ့ ကောင်းကျိုးတွေရှိတယ်”ဟု ဦးအောင်ကျော်ဦးက ပြောသည်။

ထားဝယ်ခရိုင်အတွင်း လေးနှစ် အတွင်း စက်မှုလယ်ယာအကွက် ဧက ၅၆၀ ဖော်ဆောင်ထားပြီးဖြစ်ကြောင်း ထားဝယ်မြို့နယ် စက်မှုလယ်ယာ ဦးစီး ဌာနထံမှ သိရသည်။