ထားဝယ်ခရိုင်လျှပ်စစ် အချိန် လေးလခန့်ကြာသည်အထိ တင်ဒါ မခေါ်နိုင်သေး

0
453

ထားဝယ်ခရိုင် လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ငန်းကို GGS ကုမ္ပဏီအား ယာယီ လုပ်ကိုင်ခွင့်ပြုပြီး အချိန်လေးလခန့် ကြာသည်အထိ တင်ဒါမခေါ်နိုင်သေးပေ။
လက်ရှိအချိန်ထိ တင်ဒါခေါ်မည့် အချိန်ကို မပြောနိုင်သေးဘဲ တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီကိုသာ ဖွဲ့စည်း ထားပြီး တင်ဒါပါစည်းမျဉ်းစည်းကမ်း များကို လျှပ်စစ်ဌာနက ရေးဆွဲနေကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးက ဇွန်လ ၆ ရက်နေ့က ပြောသည်။

ထားဝယ်ခရိုင်အတွင်း လျှပ်စစ် ဖြန့်ဖြူးရေးလုပ်နေသည့် DDPC ကုမ္ပဏီ စာချုပ်သက်တမ်းပြည့်ချိန်တွင် GGS (Global Grand Services) ကုမ္ပဏီကို ဖေဖော်ဝါရီလက စတင်ကာ ယာယီလုပ်ကိုင်ခွင့်ပြုပြီးနောက် လက်ရှိ ခေါ်ယူမည့်တင်ဒါတွင် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးကို တစ်ခုတည်းပေါင်းကာ ခေါ်ယူမည် ဖြစ်သည်။
တိုင်းလျှပ်စစ်/စွမ်းအင်ဝန်ကြီး ဦးဆောင်ပြီး အဖွဲ့ဝင် ၆ ဦးပါသည့် ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ် ဖြန့် ဖြူးရေးတင်ဒါ စိစစ်ရွေးချယ်ရေးကော် မတီကို မေလ ၂၂ ရက်က ဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်း တိုင်းလျှပ်စစ်/စွမ်းအင်ဝန် ကြီး ဦးကြည်လှိုင်က ဆိုသည်။
“ဘယ်အချိန်ဆိုတာ(တင်ဒါခေါ် မည့်အချိန်)ကို အတိအကျ မပြောနိုင် သေးဘူး”ဟု ဝန်ကြီးဦးကြည်လှိုင်က ပြောသည်။
လျှပ်စစ်ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူး ရေးတင်ဒါကို ပြီးခဲ့သည့် မေလအတွင်း ခေါ်ယူမည်ဟု လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး ဦးကြည်လှိုင်က ပြောဆိုခဲ့ဖူး သည်။

ခရိုင်လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါကို ပြီးခဲ့သည့် ဇန်နဝါရီလက ခေါ်ယူခဲ့ဖူးပြီး ဖေဖော်ဝါ ရီလက ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် တင်ဒါကိုဆိုင်းငံ့ရန် ဆုံးဖြတ်ခဲ့ကြောင်း တိုင်းလျှပ်စစ်ဝန်ကြီး က ပြောဆိုခဲ့ဖူးသည်။
လက်ရှိတွင် တင်ဒါအောင်မြင်သည့် ကုမ္ပဏီထွက်ပေါ်လာပါက လျှပ်စစ် ထုတ်လုပ်ရေးအတွက် GGS ကုမ္ပဏီနှင့် ချုပ်ထားသည့် စာချုပ်ပျက်ပြယ်သွား မည်ဖြစ်ကြောင်း ဝန်ကြီးဦးကြည်လှိုင်က ဆိုသည်။

လက်ရှိအချိန်တွင် လျှပ်စစ်ဖြန့် ဖြူးရေးလုပ်ငန်းကို ယာယီလုပ်ကိုင်ခွင့် ရရှိထားသည့် GGS ကုမ္ပဏီ လုပ်ကိုင် နေသည်မှာ အချိန်လေးလခန့်ရှိပြီဖြစ်ကာ ကုမ္ပဏီ၏ လျှပ်စစ်ဝန်ဆောင်မှုနှင့် ပတ်သက်၍ ပြည်သူများအကြား ဝေဖန် မှုမြင့်တက်လျက် ရှိသည်။