မြိတ်တွင် ငြိမ်းချမ်းရေး စက်ဘီးစီးပွဲတော် ကျင်းပမည်

0
395

ငြိမ်းချမ်းရေး စက်ဘီးစီးပွဲတော်ကို ဇွန်လ ၂၃ ရက်၌ မြိတ်မြို့တွင် ကျင်းပ မည်ဖြစ်ကြောင်း မြိတ်စက်ဘီးစီး အသင်းMergui Archipelago Bike Club (MABC) ထံမှ သိရသည်။

အဆိုပါ စက်ဘီးစီးပွဲတော်ကို တနင်္သာရီတိုင်းဒေသကြီး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-S)က ကြီးမှူးကျင်းပ ပြီး မြိတ်ခရိုင်အားကစားနှင့် ကာယ ပညာကော်မတီနှင့် မြိတ်စက်ဘီးစီး အသင်းတို့က ပူးပေါင်းစီစဉ်ခြင်း ဖြစ် ကြောင်းMABC ထံမှ သိရသည်။

စက်ဘီးပွဲတော်တွင် စက်ဘီးဝါသ နာရှင်များအနေဖြင့် မည်သည့်စက်ဘီး အမျိုးအစားဖြင့် မဆို လာရောက်ပူးပေါင်း စီးနင်းနိုင်ကြောင်း မြိတ်စက်ဘီးစီး အသင်း တာဝန်ရှိသူတစ်ဦးက ပြောပြ သည်။

ပြီးခဲ့သည့် ဇွန်လ ၃ ရက်က ကျရောက်သည့် World Bicycle Day ကမ္ဘာ့စက်ဘီးစီးနေ့ အထိမ်းအမှတ်အဖြစ် စက်ဘီးအစီးအရေ ၂၀၀ နီးပါးဖြင့် စက်ဘီးစီးပွဲတော် ကျင်းပခဲ့သည်။