ရေသန့်နှစ်မျိုးတွင် အမှုန်အမွှားပါမှု သတ်မှတ်ပမာဏထက် ကျော်လွန်

0
483

ထားဝယ်ဒေသတွင်း ဖြန့်ချိနေ သည့် ရေသန့်နှစ်မျိုးတွင် အမှုန်အမွှား ပါဝင်မှုက သတ်မှတ်ပမာဏထက် ကျော် လွန်နေကြောင်း တနင်္သာရီတိုင်းဒေသ ကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန (FDA) ထံမှ သိရသည်။
Aung Phyo Paing အမှတ်တံ ဆိပ် နှင့် Grand Aqua အမှတ်တံဆိပ် ရေသန့်တို့တွင် အမှုန်အမွှားပါဝင်မှုက သတ်မှတ်ပမာဏထက် ကျော်လွန်နေ ကြောင်း FDA တိုင်းဒေသကြီးတာဝန်ခံ ဒေါက်တာဟိန်းမင်းထက်အောင်က ဆိုသည်။
ရေသန့်တွင် အမှုန်အမွှားပါဝင်မှု နှုန်းကို ၅၀၀ အောက်သာ သတ်မှတ်ထား ပြီး အထက်ပါ ရေသန့်နှစ်မျိုးတွင် ၅၀၀ အထက် ပါဝင်လျက်ရှိသည်။

လောင်းလုံးမြို့နယ် အစား အသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲ ရေးကော်မတီက မြို့နယ်အတွင်း ရောင်း ချနေသည့် ရေသန့်နမူနာအမှတ်တံဆိပ် သုံးမျိုးကို ဓာတ်ခွဲစစ်ဆေးရန် ယခုနှစ် ဇန်နဝါရီလတွင် တိုင်း FDဗ မှတစ်ဆင့် ရန်ကုန်မြို့ရှိ FDဗ ဓာတ်ခွဲခန်းတွင် စစ်ဆေးရန် ပေးပို့ခဲ့သည်။
ဓာတ်ခွဲစစ်ဆေးချက်ရလဒ်ကို ဇွန်လ ၁၅ ရက်က လောင်းလုံးမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ကော်မတီကို ပေးပို့ထား ကြောင်း ၎င်းကပြောသည်။

“မြို့နယ်ကော်မတီကို အဖြေလွှာ ပို့ထားတယ်။ ကော်မတီကပဲ အရေးယူ မှုတွေ လုပ်မယ်”ဟု ဒေါက်တာဟိန်းမင်း ထက်အောင်က ဆိုသည်။
အဆိုပါ ရေသန့်နှစ်မျိုးတွင် အမှုန် အမွှားပါဝင်နှုန်းက သတ်မှတ်ပမာဏ ထက်များနေသော်လည်း ကျန်းမာရေး ဆိုးကျိုးကို ဖြစ်စေသည့် ဘက်တီးရီယား (E-coli Coliform) များ ပါဝင်ခြင်း မရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနထံမှ သိရသည်။