မိုးစပါးချေးငွေ စည်းကမ်းချက် ပြန်ဖြေလျော့

0
370

ယခုနှစ် မိုးစပါးချေးငွေကို ပုံစံ(၇) ရှိသူတိုင်းကို မထုတ်ချေးဘဲ တစ်အိမ် ထောင်လျှင် တစ်ဦးသာ ထုတ်ချေးရန် ပြီးခဲ့သည့်မေလ ၁၆ ရက်က ညွှန်ကြား ထားသော်လည်း ဇွန်လ ၁ ရက်တွင် ပြန်လည် ဖြေလျော့ပေးလိုက်ကြောင်း တနင်္သာရီတိုင်းဒေသကြီး မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။

ယခင် တစ်အိမ်ထောင်လျှင် တစ် ဦးသာ ထုတ်ချေးရန် ညွှန်ကြားချက်မှာ လယ်သမား မိသားစုများတွင် ကြွေးမြီ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် ရည်ရွယ်ချက် ဖြင့် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း အထက် ပါဘဏ် တိုင်းဒေသကြီး မန်နေဂျာ (တာဝန်ခံ) ဒေါ်လဲ့လဲ့သန်းဌေးက ပြောသည်။
သို့သော် ယင်းညွှန်ကြားချက် ကြောင့် ရန်ကုန်တိုင်းနှင့်၊ ပဲခူးတိုင်းတို့ရှိ လယ်သမားများမှ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာန(လ၀က)တွင် အိမ်ထောင်စုစာရင်းခွဲသူ များပြား လာကြောင်း တင်ပြလာသဖြင့် ပုံစံ(၇) မူရင်းရှိသူတိုင်းကို ထုတ်ချေးပေးရန် ပြန်လည်ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

ပုံစံ(၇) မူရင်းရှိသူတိုင်းကို မိုးစပါး ချေးငွေထုတ်ချေးရန် ပြန်လည်ညွှန်ကြား ချက်သည် လက်တွေ့ လယ်လုပ်ကိုင် နေသော လယ်သမားများနှင့် ကိုက်ညီမှု ရှိမည်ဖြစ်ကြောင်း ထားဝယ်ခရိုင်အတွင်း ရှိ လယ်သမားအချို့က ဆိုသည်။
“မြေပုံစာရွက် (ပုံစံ ၇) ရှိသူတိုင်း ချေးမှ လယ်သမားတွေက အဆင်ပြေမှာ။ မဟုတ်ရင် ဟိုလူဆီပြေး၊ ဒီလူဆီပြေး ချေးနေရမှာ”ဟု ထားဝယ်မြို့နယ် ကျောက်ရပ်ကျေးရွာရှိ လယ်သမား တစ်ဦးဖြစ်သူ ဒေါ်ခင်စန်းမူက ပြောသည်။

ယခုနှစ်မိုးစပါးချေးငွေကို ဇွန်လ နောက်ဆုံးအပတ်တွင် အပြီးထုတ်ချေး ရန် မြို့နယ်အလိုက် စီမံချက်များ ရေးဆွဲပြီး ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေ နေ့များတွင်ပါ ထုတ်ချေးရန် စီစဉ်ထား ကြောင်း ဒေါ်လဲ့လဲ့သန်းဌေးက ပြော သည်။
ယခုနှစ်တွင် တိုင်းအတွင်း လယ် ဧက တစ်သိန်းကျော် (၁၁၅၄၂၀ ဧက) အတွက် ငွေကျပ် သန်းပေါင်း နှစ်သောင်း နီးပါး( ၁၇၃၁၃.၀၅ သန်း) ထုတ်ချေးရန် လျာထားကြောင်း အထက်ပါဘဏ်စာ ရင်းများအရ သိရသည်။