ကရသူရိတွင် တောဆင်နင်း၍ လူတစ်ဦးသေဆုံး

0
459

ကော့သောင်းခရိုင် ကရသူရိမြို့ ဆီအုန်းစခန်းအနီးတွင် ဇွန်လ ၁၁ ရက် ညက တောဆင်ရိုင်း အနင်းခံရ၍ အမျိုးသား တစ်ဦးသေဆုံးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

ကရသူရိနယ်မြေရဲစခန်းမှ နှစ်မိုင် ခန့်ကွာသည့် ဥယျာဉ်စောင့်ဝါးတဲအတွင်း အသက် ၄၄ နှစ်အရွယ်ရှိ အမျိုးသား တစ်ဦးတည်း အိပ်ပျော်နေစဉ် တောဆင် ရိုင်းက ရောက်ရှိလာပြီး ဝါးတဲအား ဖျက်ဆီးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရ သည်။
တောဆင်ရိုင်းက ဝါးတဲအား ဖျက်ဆီးနေခိုက် အဆိုပါ အမျိုးသားက ထွက်ပြေးရာ ဝါးတဲမှ ၁၅ ပေခန့် အကွာ တွင် ဆင်ရိုင်းက နင်းသတ်ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

“အချိန် သုံးနှစ်လောက်ထဲမှာ တော ဆင်ရိုင်းနင်းသတ်ခံရတယ်ဆိုတာ မကြားမိဘူး”ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။
အသက် ၄၄ နှစ်အရွယ်ရှိ အမျိုး သား၏ ဆီးခုံတွင် ဆင်နင်းခံရသည့် ညိုမဲဒဏ်ရာဖြင့် သေဆုံးနေကြောင်း ရဲမှတ်တမ်းအရ သိရသည်။