ထားဝယ်တက္ကသိုလ်တွင် ကျောင်းသားကတ်လည်ဆွဲ ဆွဲရန် စည်းကမ်းသတ်မှတ်မည်

0
601

ထားဝယ်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းဝင်းအတွင်း ကျောင်းသားကတ် လည်ဆွဲများဆွဲရန် စည်းကမ်း သတ်မှတ်မည်ဖြစ်ကြောင်း ယင်းတက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ချိုချိုမြင့်က ပြောသည်။
ထားဝယ်တက္ကသိုလ် ကျောင်းသား များသမဂ္ဂ ကိုယ်စာလှယ်နှစ်ဦး အပါ အဝင် ပါမောက္ခ၊ ဌာနမှူးများပါဝင်သည့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၁၂ ရက်တွင် ယင်းစည်းကမ်းချက်ကို ချမှတ် လိုက်ခြင်းဖြစ်ကြောင်း ဒေါက်တာ ချိုချိုမြင့်က ပြောသည်။

အဆိုပါ စည်းကမ်းချက်အရ ကျောင်း အဝင်ပေါက် တံခါးတွင် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းသားကတ် လည်ဆွဲများ ဆွဲထားခြင်း ရှိ မရှိကို စစ်ဆေးမည်ဖြစ်ပြီး လည်ဆွဲ ဆွဲထား သည့် ကျောင်းသား၊ ကျောင်းသူများကိုသာ ကျောင်းဝင်းထဲ ဝင်ခွင့်ပြုမည် ဖြစ်သည်။
ကျောင်းဝင်းအတွင်း မူးယစ်ဆေး ဝါး သုံးစွဲခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း စသည့် မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်လာခဲ့ပါက ကျောင်းသား၊ ကျောင်းသူများနှင့် အပြင်လူ ခွဲခြား နိုင်ရန်အတွက် စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိ အခြေအနေတွင် ကျောင်း ဝင်းထဲ မည်သူမဆို ဝင်ထွက်သွားလာ နေပြီး ယခုကဲ့သို့ သတ်မှတ်ခြင်းသည် ကျောင်းသားများအတွက် လုံခြုံမှု ပိုရှိ နိုင်သဖြင့် ယင်းစည်းကမ်းသတ်မှတ်ချက် ကို ကြိုဆိုကြောင်း ယင်းတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူအချို့က ပြောသည်။
“ဒီလိုလုပ်တာ သဘောကျတယ်။ ကျောင်းသားတွေအတွက် လုံခြုံမှု ပိုရှိ စေတယ်” ဟု ယင်းတက္ကသိုလ် ဓာတုဗေ ဒ ပထမနှစ် ကျောင်းသူ မပွင့်သဇင်က ဆိုသည်။

ယခင်ပညာသင်နှစ်က ယင်းစည်း ကမ်းချက် သတ်မှတ်ပေးရန် ကျောင်း အုပ်ချုပ်ရေးအဖွဲ့ကို ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက တောင်းဆိုခဲ့ ဖူးသည်။
ကျောင်းအုပ်ချုပ်ရေးအဖွဲ့က မသတ်မှတ်ပေးခဲ့သဖြင့် ယခုပညာသင် နှစ်တွင် ထပ်မံတောင်းဆိုခဲ့ရာ ကျောင်း အုပ်ချုပ်ရေးအဖွဲ့က ယင်းစည်းကမ်းချက် သတ်မှတ်ရန် သဘောတူခဲ့ခြင်းဖြစ် ကြောင်း အဆိုပါ ကျောင်းသားများ သမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ မဖြိုးစန္ဒာလင်းက ပြော သည်။

ယင်းစည်းကမ်းချက်ကို ယခုဇွန်လ နောက်ဆုံးအပတ်တွင် အကောက် အထည် ဖော်နိုင်ရန် စီစဉ်မည်ဖြစ်ပြီး ပထမနှစ် လိမ္မော်ရောင်၊ ဒုတိယနှစ် အစိမ်းရောင် စသည်ဖြင့် အရောင်များဖြင့် ခွဲခြားသတ် မှတ်မည်ဖြစ်ကြောင်း ဒေါက်တာ ချိုချိုမြင့်က ပြောသည်။
ထားဝယ်တက္ကသိုလ်တွင် ယခု ပညာသင်ကာလ၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း လေးထောင်ကျော် (၄၃၃၁ ဦး) ရှိကြောင်း သိရသည်။